Part-2

45 6 0
                                    

ညနေကျောင်းဆင်းချိန်သာရောက်သွားတယ် WonWooမှာ စာထဲကိုစိတ်မရောက်နိုင်ပါ။ ညနေရော သူပြန်လာကြိုမလားဆိုတဲ့စိတ်နဲ့ တနေကုန်တွေးနေမိလေရဲ့။WonWooကိုယ်တိုင်လဲ ကိုယ့်ဘာသာအံ့ဩ‌နေမိတယ် *သေချာမမြင်ဖူးသူ၊ရေရေရာရာမသိသူတယောက်ကို ဘာလို့များ အချိန်ကြာတဲ့ထိ အတွေးထဲထည့်ထားမိနေလဲပေါ့*
အတန်းဆင်းတာနဲ့ အပြေးလေးထွက်လာမိတဲ့WonWoo... လာကြိုတဲ့ကားဆီအရောက် ဆွံ့အသွားမိတယ်
*လှလိုက်တာ* ဆိုတာတခုပဲတွေးနေမိတဲ့ထိ မလှုပ်ရှားပဲရပ်နေမိတဲ့အခါ
စိတ်မရှည်တတ်သူဆီက အသံချိုချိုလေးထွက်လာခဲ့တယ်။

"ဒီနေ့ မပြန်တော့ဘူးလား Jeon WonWooခင်ဗျာ"

"အာ....ဟုတ် ......
ဟို...sorryနော်"

အယောင်ယောင်အမှားမှားတွေနဲ့ WonWooခမျာ သူအရံသင့်တံခါးဖွင့်ပေးထားတဲ့ကားပေါ် တက်လိုက်မိတဲ့ထိ အသိစိတ်ကို မနည်းပြန်ကပ်နေရတုန်း.....။
အိမ်ပြန်လမ်းတလျှောက်ဟာ တိတ်ဆိတ်နေတယ်ဆိုသည့်တိုင် WonWooမျက်လုံးနဲ့ဦးနှောက်မှာတော့ အတော်ယောက်ယက်ခက် အလုပ်များနေခဲ့ပါတယ်။
ကားbackမှန်ကနေတဆင့်ဖြစ်စေ၊ သိသိသာသာခိုးကြည့်ရင်းဖြစ်စေ အလှတရားလေးကိုအပြည့်အဝငေးနေမိရင်း အတွေးတွေလဲပုံမှန်ထက်များနေခဲ့တဲ့WonWooရယ်ပါ။
မနက်ကလိုစည်းနှောင်ထားတဲ့ဆံနွယ်တွေက တနေကုန်စာ‌ကြာလာခဲ့လို့ထင်ပါရဲ့ လျော့ရဲနေပြီး မျက်နှာအလှလေ‌းပေါ် ဟိုတစဒီတစကျနေပါတယ်၊ မျက်လုံး၊မျက်ခုံး၊နှာတံလေးကအစ နှုတ်ခမ်းပါးလေးအ‌ဆုံးအကုန်ခြုံကြည့်ပြီးရင် ယောက်ျားလေးတယောက်က အ့လောက်တည်ကြည်နေပြီး တချိန်ထဲမှာပဲ အ့လောက်လှရသလားလို့ တွေးမိစေတဲ့အထိပဲ။
မနေနိုင်တဲ့အဆုံး WonWooဘက်က စကားစမိတယ်။

"Jeonghannie!
Yoon Jeonghanမလား နာမည်ကလေ၊ ကျွန်တော်က Jeon WonWooပါ၊
လက်ကဒဏ်ရာတွေလေ သက်သာရဲ့လားဟင်၊ မနက်ကသွေးထွက်နေတာတွေ့လိုက်တယ်"

WonWooစကားအဆုံး စိတ်မရှည်သလိုတချက်ပြန်ကြည့်လာပေမယ့် စကားသံတော့ထွက်မလာပါ။
မောင်းနေတဲ့ကားကိုပဲ ပြန်အာရုံစိုက်လိုက်တဲ့သဘော...။

"ကားမောင်းရင်းအာရုံများစေမလားမသိပေမယ့် တကယ်စိတ်ပူလို့ပါ Jeonghannie
ပြီးတော့....ဒီနေ့ကျောင်းလဲတနေကုန်ပျက်ရတာလားဟင်၊ မနက်ဖြန်ရော Jeonghannieပဲလာမှာလား"

WonWoo သူ့ကိုမေးနေရင်းမှာပဲ ကားက ကျယ်‌ဝန်းလှတဲ့ခြံကိုဖြတ်ရင်း စံအိမ်ရှေ့မှာရပ်သွားခဲ့လေပြီ။
မောင်းသူနေရာကဆင်းပြီး သူကားတံခါးလာဖွင့်ပေးသည့်တိုင် WonWooကားထဲကမထွက်မိပဲ သူ့စကားသံကိုစောင့်နေမှန်းသိစေတော့
နှုတ်ခမ်းပါးလေးက စုတ်တချက်သပ်ပြီး

"အစ်ကိုလေးJeon WonWooက စကားနည်းပြီးအနေအေးတယ်ကြားဖူးတာ မဟုတ်သလိုပဲနော်၊ တခြားသူကို အရမ်း......စပ်စုတာပဲ"

နှုတ်ခမ်းလေးစူပုပ်ပုပ်နဲ့ ခနဲ့လိုက်တဲ့သူ့စကားသံအဆုံး အံ့ဩရာကနေခပ်ကျယ်ကျယ်ရယ်မိတဲ့အထိ WonWooသဘောကျသွားမိတယ်။
ဒါကိုပဲ သူ့ကိုလှောင်တယ်ထင်သွားလားမသိ၊ ပိုစူပုပ်လာရင်း

"စံအိမ်ပြန်ရောက်ပါပြီ၊ အလုပ်ချိန်လဲပြီးပြီမို့ Jeon WonWooကားထဲကထွက်တာနဲ့ ကားသိမ်းပြီးပြန်ပါတော့မယ်"

"အာ...ဟုတ်ပါပြီဗျာ
ဒါ ကျွန်တော့်ကို နှင်တဲ့သဘောပေါ့လေ၊ စကားမစပ်ပေမယ့် လက်ကိုဂရုစိုက်အုန်းနော် Jeonghannie"

နားချင်နေသူကို WonWooမြန်မြန်စကားစသတ်လိုက်ပေမယ့် ပြန်မပြော၊နားမထောင်သူလေးဟာ ကားတံခါးကိုပြန်ပိတ်ပြီးနောက် လှည့်ထွက်တော့မယ့်အချိန်မှာ

"ခန! Jeonghannie"

WonWooစကားကြောင့်ရပ်တန့်သွားတဲ့သူ

"နောက်နေ့ ထပ်တွေ့ကြမယ်နော် Jeonghannie!"

---------------------------------------------------
#ဇူရီ
24.Aug.2024

Us , Love and ....?Where stories live. Discover now