ကားသိမ်းပြီး အိမ်တော်ထိန်းကြီးဆီသော့အပ်ကာ သူပြန်ထွက်သွားတဲ့ထိ WonWooရပ်ကြည့်နေမိတုန်း...
"အိမ်ထဲမဝင်သေးပဲ ဘာရပ်ကြည့်နေတာလဲ WonWoo"
ရုတ်တရက်အိမ်ထဲကနေမေးလာတဲ့ အမေ...
WonWooအမေ့အသံကြောင့် အာရုံပြန်စိုက်ပြီး အိမ်ထဲဝင်ရင်း မေးလိုက်မိတယ်"အမေ ဘယ်တုန်းကပြန်ရောက်တာလဲ
USမှာ ကြာအုန်းမယ်ဆို ဖုန်းပြောတုန်းက""ဟိုမှာ ထင်တာထက်အလုပ်ကိစ္စတွေ မြန်မြန်ပြီးသွားခဲ့တာ သားရေ..
လာပါအုန်း အမေ့သားလေးကိုလွမ်းနေခဲ့ရတာ"ပြောရင်း WonWooကို ပွေ့ဖက်လာတဲ့အမေ
WonWoo အမေ့ကိုပြန်ပွေ့ဖက်ပေးရင်းက"အဖေရောဟင် အမေ"
"ထုံးစံအတိုင်း စာကြည့်ခန်းထဲမှာ သူ့မန်နေဂျာနဲ့ အလုပ်ကိစ္စတွေပြောနေတယ်လေ ၊ သား ပြောစရာရှိလို့လား"
"ဟုတ်"
WonWooဘက်က ဟုတ်တခွန်းနဲ့ငြိမ်လိုက်ပေမယ့် အမေက သူကိုယ်တိုင်ရောWonWooကိုပါ ဧည့်ခန်းဆီဦးတည်ရင်း ဆိုဖာမှာထိုင်မိတဲ့ထိ မေးခွန်းဆန်တဲ့အကြည့်တွေရှိနေတာမို့ WonWoo သက်ပြင်းတချက်ရှိုက်ရင်း
"တခြားမဟုတ်ပါဘူး အမေ၊
မနက်က ဦးလေးYoonအစား သူ့သားအလုပ်လာတာလေ ၊ အဲ့လိုအစားဝင်ရတော့ သူကျောင်းပျက်ရတာတွေရှိနိုင်တာတွေးမိလို့ပါ""ဘာများလဲလို့ သားရယ်၊ သားပြောတဲ့ဦးလေးYoonဆိုတာ ဒရိုက်ဘာYoonကိုပြောတာမလား၊ သူမလာနိုင်လို့သူ့သားအစားထိုးဝင်တာပဲလေကွယ်"
အမေက ရယ်သွမ်းသွေးရင်းပြောလိုက်ပေမယ့် WonWooစိတ်ထဲအလိုမကျမိ၊ အထွန့်တက်ဖို့ကြိုးစားမိတုန်း
"ဒါပေမယ့်....အ..."
"ပုံမှန်ပိတ်ရက်မဟုတ်ပဲ နေမကောင်းတဲ့ခွင့်မို့ သူနားရင် တရက်စာမရမှာမို့ သူ့သားအစားလာဆင်းတာလေ၊
ငါ့သားက အဆင်မပြေလို့လား"ရုတ်တရက် အလုပ်ကိစ္စပြီးသွားတဲ့အဖေက လှေကားကနေဆင်းလာရင်းဝင်ဖြေတော့ WonWooမှာ ဘာဆက်ပြောရမယ်မသိ။
"ငါ့သားအဆင်မပြေရင် မနက်ဖြန်အဲ့ကောင်လေးထပ်မလာဖို့ပြောထားလိုက်မယ်လေ"
YOU ARE READING
Us , Love and ....?
Fanfic"Yoon Jeonghanက ကျွန်တော်အမြဲ ဂရုစိုက်ပေးနေချင်မိတဲ့ မြတ်နိုးရာလေးလေ၊ တခြားအရာတွေကိုဂရုစိုက်ဖို့မလိုပဲ ကျွန်တော်ဂရုစိုက်တာတွေပဲလက်ခံပေးပေးပါ Jeonghannie" #Jeon Wonwoo