part4uni/Zawgyi

622 18 3
                                    

part 4

မြူဆိုင်းရတုအခန်းထဲသို့ဝင်လိုက်ပြီးညဝတ်ဝတ်စုံသီးသန့်ထားတဲ့နေရာမှတီရှပ်အဖြူရောင်နဲဒူးလောက်အထိပဲရှည်တဲ့ဘောင်းဘီ
အနက်ရောင်တထည်ထုတ်ပြီးရတုကို ပေးလိုက်သည်။ထို့နောက်အခန်းအပြင်ပြန်ထွက်ဖို့လုပ်တော့လက်ကို
ဆွဲထားပြန်သည်။

"ဟို..မင်းဘာပြောအုန်းမလို့လဲ..ငါအိပ်ချင်နေပြီသွား
အိပ်တော့မယ်၊ခေါက်ဆွဲမအေးခင်သွားစားလိုက်!"

"ခေါက်ဆွဲမစားချင်ဘူး.."

ရတုကိုယ်လုံးကြီးကမြူဆိုင်းနားတိုးကပ်လာကာအပေါ်ကနေအုပ်မိုးကြည့်လာတာကြောင့်မြူဆိုင်းအမြန်တွန်းလိုက်ပြီး...

"မင်းစားချင်တာပြောငါထပ်လုပ်ပေးမယ်!"
ရတုပြောပြီးမှကျောချမ်းသွားရပြန်သည်။ကျားရှေ့ဒူးထောက်လဲဆိုသလိုဖြစ်နေတယ်။
တစူးစားကောင်ကသူလက်တွေနဲ့မြူဆိုင်းနှုတ်ခမ်းကိုထိကိုင်လာတာကြောင့်မြူဆိုင်းရှောင်လိုက်တယ်။အကြည့်တွေကနှုတ်ခမ်းမှာပင်..။

"ကျုပ်စားချင်တာက.."

"မင်းဘာစားချင်တာလဲ"

"ခမ်ားကို!"

"ဖယ်တော့ ငါအိပ်တော့မယ်"
မြူဆိုင်းမသိချင်ယောင်ဆောင်ပြီးအခန်းအပြင်
ကိုထွက်ဖို့ပြင်ရသည်။ဒီအခန်းမှာကြာကြာဆက်မနေသင့်ပေ။မဟုတ်ရင်မတွေးရဲစရာဒီကောင်စကားတွေကဘယ်ကိုဦးတည်နေသလဲဆိုတာမသိရအောင်ကိုယ်ကငတုံးမဟုတ်...။

မြူဆိုင်းလှည့်ထွက်ဖို့ကြံနေတာကြောင့်မြူဆိုင်းကို
သူခန္ဓာကိုယ်နဲ့နံရံကြားကပ်ပြစ်လိုက်သည်။
ထို့နောက်ခန္ဓာကိုယ်ကိုငုံ့ကိုင်းကာ မြူဆိုင်းနှုတ်ခမ်းတွေကိုထိပါးလာသည်။

"ရတုလွတ်ပေး!! အွန့်"

မြူဆိုင်းစကားမဆုံးလိုက်ခင်သူနှုတ်ခမ်းတွေနဲ့မြူဆိုင်းနှုတ်ခမ်းကိုစုပ်ယူငုံထွေးလာသည်။နမ်းနေတဲ့ပုံကမွတ်မွတ်သိပ်သိပ်..။
ရတုကနမ်းနေတာကျွမ်းကျင်ပေမဲ့ကြမ်းတမ်းတဲ့အနမ်းတွေ
ကိုခါးစီးခံနေရတာကတော့မြူဆိုင်းပင်။အတင်းတွန်းထုတ်သော်လည်းတွန်းထုတ်မရ
အားချင်းကဘယ်လိုမှမမျှ..။

MY AUNT'S HUSBANT'S SON IS WICKEDWhere stories live. Discover now