part12 Uni/Zawgyi

726 11 6
                                    

part 12

ရတုဒီနေ့နေမထိထိုင်မသာမသိမသာစိတ်လုှပ်ရှားနေသည်။
ဒါပထမဆုံးသူ့ကိုကိုသေးသေးလေးကသူကိုတစ်နေရာကို
အတူလိုက်ခဲ့ဖို့ခေါ်ထားတဲ့ကိစ္စကြောင့်...။

"မင်းပြင်ဆင်လို့ပြီးရင်သွားရအောင်...ရတု"

"အင်း"
ကားမောင်းသူနေရာမှာမြူဆိုင်းကမောင်း္မ
မည်ဆိုတာကြောင့်ရတုအတင်းတားလိုက်ပြီး
သူပဲမောင်းသူနေရာယူလိုက်သည်..။
အိမ်မှမထွက်ခင်မြူဆိုင်းဆီ ဖုန်းဝင်လာတာကြောင့်
ဖုန်းထဲကသူချိန်းတဲ့နေရာကိုမောင်းရသည်။
ရတုကားကိုထိုးရပ်လိုက်ပြီးနှစ်ယောက်စလုံးကားပေါ်က
ဆင်းကာဆိုင်ထဲဝင်လာသည်။ဆိုင်ထဲ၌ထောင့်တစ်နေရာသို့မြူဆိုင်း
ကဦးတည်သွားတာကြောင့်ရတုနောက်ကလိုက်တော့
ထိုင်နေသူမိန်းကလေးကိုတွေ့ရသည်။
ထိုအခိုက်ရတုလက်တွေနဲ့မေးရိုးကတင်းခနဲဖြစ်သွား
သည်မို့မြူဆိုင်းကရတုလက်ကိုထိကိုင်လိုက်ပြီး...

"လာထိုင်ရအောင်..ရတု"

"ကိုကို" "ကိုကို"

နှစ်ယောက်စလုံးဆီကထွက်လာသောအသံပင်...။

"ဒီမွာအမိ! !ခမ်ား....."
ကြားညှပ်နေသူရတုသည်ရယ်ချင်ချင်ဖြစ်လာသည်။
ဘေးကရတုကိုကြည့်လိုက်တော့မျက်နှာကသုန်မုှန်တာ
ကြောင့်မြူဆိုင်းရယ်ချင်စိတ်ကိုထိန်းကာရတုကိုထိန်းလိုက်သည်..။

"တော်လိုက်တော့ရတု!!"

"ပြန်မယ် !"

"ဘာလို့လဲ မင်းပဲလိုက်မယ်ဆို"

"ကျုပ်ကိုခေါ်လာတာဒါမျိုးတွေ့စေချင်လို့လား!!"

"ဟော...ဒါဆိုလည်းပြန်လေ မင်း"
ဘုကလန်ပြောလိုက်တော့သကောင့်သား
ကသူတစ်ယောက်ထဲထမပြန်ပဲမြူဆိုင်းလက်ကို
ဆွဲလာသည်..။

"လာထ! ခများကရောဒီမိန်းမနဲ့နှစ်ယောက်ထဲနေကျန်ခဲ့လို့ရမလား
ကျုပ်ပြန်ရင်ခများပါပြန်ရမယ်!"

သရဖီတစ်ယောက်ရှေ့ကအကိုဖြစ်သူနဲ့ရတုဆိုတဲ့တစ်ယောက်
တစ်ယောက်တစ်ပေါက်ဖြစ်နေပုံကိုကြည့်ပြီးရယ်နေသည်..။
ဒါကိုသူတို့ကမသိသူတို့အာရုံနဲ့သူတို့ဖြစ်နေရှာသည်။
္ပမြူဆိုင်းအဖေနဲ့သရဖီအမေနဲ့မောင်နှမဖြစ်တာကြောင့်
မြူဆိုင်းကသရဖီအကိုတစ်ဝမ်းကွဲတော်သည်။
အကိုကိုအကူအညီတောင်းစရာရှိတာမို့ဟိုနေ့က
မောင်နှမနှစ်ယောက်ဆိုင်မှာချိန်းတော့ ရတုဆိုတဲ့တစ်ယောက်
ကလိုက်လာပြီးသရဖီနဲ့မြူဆိုင်းကိုအထင်လွဲကာသဝန်တိုနေခြင်း
ဖြစ်သည်.....။
ခုလဲကြည့်ရှေ့ကညမဖြစ်သူကိုတောင်မေ့ပြီးထို
ကောင်လေးကိုတမင်စနေတဲ့အကိုဖြစ်သူကြောင့်
လိုရင်းကိုမရောက်ဘဲအချိန်ဖင့်နေပြီမလို့ကြားက
သရဖီကပဲဝင်ထိန်းရပြန်သည်..။

MY AUNT'S HUSBANT'S SON IS WICKEDМесто, где живут истории. Откройте их для себя