Part 2🚫🔺 Uni/Zawgyi

1.9K 35 2
                                    

part 2

ရတုမနတ်အိပ်ယာအစောထလေ့ကျင့်ခန်းလုပ်ပြီးအိမ်ထဲဝင်လာတော့ မိထွေးလုပ်သူမနတ်စာပြင်ပေးနေတာကိုတွေ့ရသည်။ရတုကိုမြင်တော့ပြုံးပြလာသည်။ရတုမဲ့ပြလိုက်ပြီးအိမ်ပေါ်ပြေးတက်လာလိုက်သည်။အခန်းထဲရောက်တော့ရေမိုးချိုးကာ အဝတ်စားလဲပြီးမာမီဆီသွားဖို့ဆင်းလာလိုက်သည်။

"သားရတု "

အသံလာရာရတုတစ်ချက်ကြည့်လိုက်တော့ ဒယ်ဒီမနတ်စာစားနေတာကိုတွေ့ရသည်။
ဒယ်ဒီဘေးနားတွင်ညကဟိုလူရောဒေါ်ယမင်းခင်ပါမနတ်စာထိုင်စားနေတာတွေ့ရတာသည်။ရတုထမင်းစားစားပွဲနားထိသွားလိုက်ပြီးထိုင်ခုံတွင်ထိုင်လိုက်သည်။စားပွဲမှာ်ထိုင်ဆိုကတည်းကထဲကရှေ့ကနှစ်ယောက်ကိုမသထီသလိုရွံရှာသလိုမျက်လုံးတွေနဲ့စိုက်ကြည့်နေသောသားဖြစ်သူကြောင့်လူ့ကြီးဖြစ်တဲသူကပဲစကားစပြောရသည်။

"သားရတု သူကတော့ဒယ်ဒီဇနီးရဲ့တူမြူဆိုင်းကိုကိုတဲ့
ဒီဘက်ကတော့ဒယ်ဒီရဲ့...."

"ဒါတွေဘယ်သူကဒယ်ဒီကိုရှင်းပြခိုင်းလို့လဲ"
ဖခင်စကားမဆုံးသေးဖြတ်ပြောလိုက်တဲ့ရတုကတကယ်အရိုင်းအဆိုင်းလေး။ ဝတ္ထားတဲ့ပုံစံကိုကဇိုးလိုလိုဘာလိုလိုAll Black ဝမ်းဆက်နဲ့ခုမှမြူဆိုင်းရတုကိုသေချာကြည့်မိသည်။ဒီအရိုင်းအစိုင်းကတက်တူးလည်းကြိုက်တက်သေးတာပဲ။လည်ပင်းမှာနဂါးပုံတက်တူးကိုထိုးသွားသေးသည်။နဂါးရဲ့မျက်လုံးတွေဟာစူးရဲပြီးရတုနဲ့တကယ်လိုက်ဖတ်နေသည်။

ကားသော့ကိုလေပေါ်မြှောက်ကာ မနတ္စာမစားဘဲ
ထထွက်သွားဖို့လုပ်နေတဲ့သားသူဖြစ်သူကို

"မနတ်စာစားသွားအုန်းလေ" ပြောလိုက်တော့

"မစားတော့ဘူး ဒယ္ဒီ ပတ်ဝန်းကျင်မသန့်ရင်မကြိုက်တက်လို့"
ရတုသူ့မိထွေးနဲ့မြူဆိုင်းကိုကိုတို့နှစ်ယောက်ကိုသေချာစိုက်ကြည့်ုပြီးပြောလိုက်တာကြောင့် ဟိုတူဝရီးနှစ်ယောက်မျက်နှာကကွက်ခနဲပျက်သွားသည်။
အရှိုက်ထိသွားတာနေမှာပေါ့။
ရတုပြောပြီးတာနဲ့မာမီစီစဉ်ထားပေးတဲ့အနက်ရောင်ပြိုင်ကားအသစ်စက်စက်လေးစီးကာထွက်သွားတော့သည်။

MY AUNT'S HUSBANT'S SON IS WICKEDTahanan ng mga kuwento. Tumuklas ngayon