Part 10 Uni/Zawgyi

593 14 1
                                    

Part 10

"ကိုမျိုးမြတ်ကတော့ ဝမ်းမနာသားတစ်ယောက်ရထားတာပဲ"

"ဟုတ်တယ် သားမြူဆိုင်းကထောင့်စုံကနေကူညီတော့
တချို့အလုပ်တွေကိုသူဆီပဲအပ်ထားရတယ်"

"အားက်ပါတယ္ဗ်ာ"

တစ်ဖတ်မှလုပ်ငန်းရှင်တစ်ယောက်နဲ့
လေးလေးတို့စကားပြောနေခြင်းဖြစ်သည်။
မြူဆိုင်းဘာတခွန်းမှဝင်မပြောဘဲနားထောင်နေလိုက်သည်။

"ဟုတ်ပါပီ ဗ်ာ ဒါဆိုစာချုပ်လဲလက်မှတ်ထိုးပြီးပြီဆိုတော့
ကျုပ်တို့ကိုပြန်ခွင့်ပြုပါအုန်း"

"အလုပ်ထပ်မံတွဲလုပ်ခွင့်ရလို့ဝမ်းသာပါတယ်"

တစ်ယောက်နဲတစ်ယောက်လက်ဆွဲအသိမှတ်ပြုနှုတ်ဆက်ရင်း
ပြန်ရန်ထွက်လာခဲ့ကြသည်..။

လေးလေးကဦးမင်းဦးနှင့်ဘေးချင်းယှဉ်
စကားပြောရင်းရှေ့ကထွက်သွားသည်။
မြူဆိုင်းနောက်ကနေလိုက်ထွက်လာတော့
ရတုနဲ့ကောင်းမလေးတစ်ယောက်ဝင်လာတာကိုတွေ့ရသည်။
ရတုကမြူဆိုင်းကိုမြင်တယ်ထင်သည်ပေကပ်ကပ်ကြည့်ပြီးဟိုတယ်ထဲဝင်သွားသည်။မြူဆိုင်းလည်းရတုတို့ကိုလိုက်ကြည့်
မနေတော့ပဲလေးလေးတို့နောက်ကိုဆက်လိုက်ရသည်။
လေးလေးကမြူဆိုင်းကိုကားနားမှာရပ်စောင့်နေသည်။

"သား မြူဆိုင်းကိစ္စရှိလို့လား"

"ဗ်ာ..ဟို မရှိ ပါဘူးလေးလေး"

"ကိစ္စရှိရင်လည်းသွားလေ လေးလေးအိမ်ကကားနဲ့ပြန်လိုက်မယ်"

မြူဆိုင်းGoldဟိုတယ်မှာ လုပ်ငန်းရှင်တစ်ယောက်နဲ့
လက်မှတ်ထိုးဖို့လာခြင်းဖြစ်သည်။ေ
လးလေးရောပါတာကြောင့်မြူဆိုင်းကားနဲ့ပဲ နှစ်ယောက်ထွက်လာခြင်းဖြစ်သည်။
မြူဆိုင်းအရေးကြီးကိစ္စသွားစရာမရှိပေမဲ့လေးလေး
ကသူကိုအားနာလို့ထင်သည်။သွားစရာရှိရင်သူကိုထားပြီးသွားဖိူ့ပြော
နေသော်လည်း မြူဆိုင်းသည်အသိတရားမရှိသူမဟုတ်။
အသွားတူတူလာပြီးပြန်မှလေးလေးကိုလိုက်ပို့ပေးရမှာပဲ။

"အရေးမကြီးပါဘူးလေးလေး
ခုကားပေါ်တက်လေ ကျွန်တော်အိမ်ထိပြန်ပို့ပေးမယ်"

MY AUNT'S HUSBANT'S SON IS WICKEDDonde viven las historias. Descúbrelo ahora