Part 11Uni/Zawgyi

507 13 2
                                    

Part 11

ဒုန်း!!!

"ခမ်ား...လာစမ်းမြူဆိုင်းကိုကို ခများတို့ကစောက်ရှက်မရှိချိန်းတွေ့နေကြတာပဲ..
ဒီမာအမိဒီလူကကျုပ်ပိုင်တာ
ကျုပ်အောက်ကပဲနေရမယ်"

အသံနဲ့အတူကားပေါ်ကနေဆင်းလာပြီး
မပြောမဆိုနဲ့မြူဆိုင်းလက်ကိုအတင်းစောင့်
ဆွဲလိုက်သည်ကရတု။

တစ်ပါးသူရှေ့မှာမဖွယ်မရာ
စကားမျိုးပြောကာသာကိုစောက်ရှက်ခွဲလိမ့်မည်ဟုထင်မထား
သော်လည်းညီမဖြစ်သည်ရှေ့မှာစောက်ရှက်ခွဲခံရသလို
ဖြစ်သွားတာကြောင့်ရှက်စိတ်ရော ခံပြင်းစိတ်ပါရောကာ
"ကိုကို!!"ဘေးမှညီမဖြစ်သူတားသံကိုပင်အာရုံမထားနိုင် တော့ပဲ
လုပ်မိလုပ်ရာလုပ်လိုက်သည်။

"ရတုဂုဏ်ရောင် မင်းငါလက်ကိုလွှတ်စမ်း "

ပြောလဲပြောမြန်ဆန်လွန်းစွာနဲ့မြူဆိုင်းလက်သီးက
ရတုမျက်နှာပေါကျရောက်သွားသည်။

ခွပ်!!!

ရတုအထိုးခံလိုက်ရတဲ့နေရာကိုတစ်ချက်လက်နဲ့ဖိလိုက်ပြီး
ရှေ့ကမိန်းမတစ်ယောက်နဲ့အတူရပ်ကြည့်နေတဲ့လူကို
ပေစောင်းစောင်းကြည့်လိုက်သည်

"အဟက် ခမ်ားကခမ်ားမယား ရှေ့မှာ
ကျုပ်အသားကိုထိတယ်ပေါ့ ဟမ်! !
ခမ်ားကြာ...တောက်"

*မြူဆိုင်းကိုကိုခများမှတ်ထားကျုပ်ဆိုတဲ့ကောင်က
ဘယ်တယောက်ကိုမှခများလောက်အောက်ကျမခံဘူးသလို
ခများလောက်လဲ...ဟွင်း...ကျုပ်ရဲ့သည်းခံစိတ်တွေကလည်း
ခများနဲ့မှ.....*

ရတုတောက်!ခေါက်ရင်းထိုနေရာမှထွက်လာလိုက်သည်။
တခြားသူသာဆိုရင်နေရာမှာတင်ပွဲခြင်းပြီး
အသေထိုးခဲ့မှာမှန်ပေမဲ့...မြူဆိုင်းဆိုတဲ့ထိုလူကိုတော့
ရတုပြန်မလုပ်ရက်ပါ။

................
ရတုအိမ်ပြန်မလာတာတစ်ပတ်တိတိရှိသည်။
မြူဆိုင်းတို့ပြသနာတက်တဲ့နေကစပြီးဒီကောင်လေးအိမ်ပြန်
မလာသလို အရိပ်တောင်မမြင်ရပေ။
သူကိုစိတ်ဆိုးနေသလားဟုတွေးမိပေမဲ့
မတက်နိုင်ပေ။ကိုယ့်ညမရှေ့မှာကိုယ့်ကို
အားမနာပဲဆွဲလိုက်ရန်းလားလုပ်တာမျိုးတော့
လက်မခံချင်။သူဒီကောင်လေးအပေါ်လက်ပါလိုက်မိခြင်းပင်။
အရင်ကဒီကောင်လေးကိုအပြစ်မြင်သလိုရှိပေမဲ့
ခုလိုမျက်နှာလေးတောင်မမြင်ရတာမျိုးကြ
မနေတက်။သူလွန်မှန်းသိလို့ပြန်ချော့ချင်ရင်တောင်
သကောင့်သားကအမြှီးတောင်မတွေ့ရ။
မြူဆိုင်းတနေ့လုံးစိတ်ရောလူရောပင်ပန်း
လာတာကြောင့်ရေမိုးအရင်ချိုးလိုက်ပြီး
ခနအိပ်လိုက်သည်..။
ဒေါက်!!
မည်မျှကြာအောင်အိပ်ပျော်သွားမှန်းမသိ
အပြင်ကတံခါးခေါက်သံကြားနှိုးလာခဲ့သည်..။

MY AUNT'S HUSBANT'S SON IS WICKEDWo Geschichten leben. Entdecke jetzt