အပျိုစင်လေးကိုအပိုင်သိမ်းမယ်-(Part-3)🚨🚨
''အဟမ်း ဒီမှာသူငယ်ချင်းတွေဖြစ်မယ်ထင်တယ်''
မောရ တေးရတုဘက်ကို လှည့်လိုက်ပြီး ..
'' ခင်ဗျားသူငယ်ချင်းကို အမြန်ဆုံးခေါ်သွားလိုက် ဘာတွေအာရုံလာနောက်နေလဲမသိဘူး၊ ကျုပ်ဆိုင်ကယ်ကြောင့် သူ့အထည်တွေ ပျက်စီးသွားပါတယ်ဆိုပြီး လူကို ဘလိုင်းကြီးပြဿနာရှာနေတာ၊ ကျုပ်အကြောင်းကို ဒီရပ်ကွက်မှာ စုံစမ်းလိုက်ဦး၊ ကျုပ်သာ ဒေါသထွက်လာရင် ယောက်ျားလားမိန်းမလား နားလည်တာမဟုတ်ဘူး''
ပုံစံကလည်း မိုက်တီးမိုက်ကန်းနဲ့လူဆိုးပုံစံထွက်နေတာမို့ တေးရတုလည်း နည်းနည်းလန့်သွားရသည်။ ယုကိုက ဒါတွေနားမလည်ဘဲ သူကြောင့်ပျက်စီးသွားတဲ့အထည်ကိုပဲ ကြည့်ကာ ဒေါသထွက်နေရှာသည်။ တေးရေတု ယုကိုဒါလီရဲ့ လက်ကိုဆွဲပြီး..
''ဘယ်လောက်မှစွန်းသွားတာလည်းမဟုတ်ဘဲနဲ့ ယုကိုရယ်၊ လာပါ ငါတို့ လျော်ကြည့်လို့တော့ သေးတာပဲ လာပါ ဆက်မပြောနဲ့တော့ဟာ''
ယုကိုဒါလီကို တေးရတုက ကားလေးနားထားတဲ့ဘက်ကို ဆွဲခေါ်လာလိုက်သည်။ ဟိုလူကတော့ ြဗီတီတီနဲ့ သူမတို့ကို မိုက်ကြည့်ကြည့်နေဆဲပါပဲ။
''ဒီနေ့က ဘယ်လိုပြဿဒါးတွေမို့လို့လဲ ပေါက်လွှတ်ပဲစားကလေကချေကောင်တွေနဲ့ လာတွေ့နေရတယ်လို့''
''ဟာ ဒီမိန်းမ ဘာစကားပြောတာလဲ''
မောရာတိမ်စိုင် သူ့ကို ကလေကချေလို့ပြောတဲ့မိန်းမဆီ လျှောက်သွားတော့ အဲဒီမိန်းမရဲ့သူငယ်ချင်းက ကားကိုအမြန်မောင်းထွက်သွားပြီဖြစ်သည်။ ဘာတွေများချမ်းသာနေလို့ လူလူချင်း ဒီလောက် ဂုဏ်မောက်နေရတာလဲ။
''ဟေ့ကောင် ဘာတွေပေါက်ကွဲနေရတာလဲ''
ငထက်က အနားကိုလာပြီး မောရာတိမ်စိုင်ရဲ့ပခုံးကိုဆွဲပြီး မေးလာသည်။
''ဟိုမိန်းမပေါ့ ငါ့ကိုနှစ်ပြားမှမတန် ပြောသွားလိုက်တာ ပက်ပက်စက်စက်''
''ဘာလဲ ယုကိုဒါလီကို ပြောတာလား''
''ဘာလဲ မင်းက နာမည်တောင်သိနေပါလား''