အပျိုစင်လေးကိုအပိုင်သိမ်းမယ်-(Part-9)🚨🚨🚨
'' လာပြီလား ဒီမှာ တောဝက်သား ခင်ဗျားကြိုက်တယ်ဆို နူးနူးအိအိလေး ပေါင်းခိုင်းထားတယ်''
''သွားဝယ်လာတာလား''
''မဟုတ်ဘူး ကြီးမြချယ်ကို ချက်ခိုင်းထားတာ''
''ဟယ် လူကြီးကို သွားမချက်ခိုင်းနဲ့လေ ဆိုင်မှာရှိရင်ဝယ် မရှိရင်အခြားဟာလေးပြောင်းဝယ်ပေါ့၊ ဘာလို့လူကြီးကို သွားပြောတာလဲ''
'' မပြောပါဘူး ဟိုမနေ့က ကြီးပြချယ်ဆီ သွားတုန်း ခင်ဗျားဘာကြိုက်တတ်လဲ မေးတော့ ကျုပ်ကလည်း သိသလောက်လေး ပြောလိုက်တာ၊ ဘယ်လိုလုပ်ပြီး ကြီးမြချယ် ချက်ထားမှန်းမှမသိတာ ဖုန်းဆက်ပြီးခေါ်တော့မှ ကျုပ်ကသွားယူထားတာ''
မောရကပြောပြီး သူမ ပန်းကန်ထဲ ဝက်သား ခပ်ကြီးကြီးတတုံး ဖဲ့ပေးလာသည်။ ထမင်းစားပွဲဝိုင်းထဲ သူရယ်သူမရယ် နှစ်ယောက်တည်းပါပဲ။ နှစ်ယောက်သားရဲ့တော်စပ်ပုံကလည်း လင်မယားတွေ..။ အိမ်ထောင်တစ်ခုဖြစ်ပြီဆိုတာမို့ အိမ်ထောင်ဦးစီးက ရှိစမြဲ။ ဘယ်သူက အိမ်ထောင်ဦးစီးလဲ ဘယ်သူကအိမ်ထောင်ရှင်မလဲ မသိ။ ဒါပေမယ့် ထမင်းစားတိုင်း မောရက ထမင်းတွေ ဟင်းတွေ ဦးဦးဖျားဖျား သူမကိုသာ ထည့်လာပေးသည်။ သူအရင်စားရမှာမဟုတ်ဘူးလား ဒါပေမဲ့ မောရကတော့ ဒါတွေစိတ်မှတ်ထားတဲ့ပုံမပေါ်။ သူမပန်းကန်ထဲကို ဟင်းတွေ ဦးဦးဖျားဖျားထည့်ပေးပြီးတော့မှ သူ့ဘာသာသူ ထည့်စားတာဖြစ်သည်။ တစ်ခါတလေ ဒီကောင်လေး ဘာတွေလုပ်နေလို့ လုပ်နေမှန်းကိုမသိဘူး။ ဘာတွေတွေးနေလည်း သူမမသိဘူး။
ကြီးမြချယ်လက်ရာက တော်တော်စားကောင်းတယ် အဘွားနွယ်ရဲ့လက်ရာကို မှီသလောက်တောင် စားကောင်းသည်။ စားကောင်းကောင်းနဲ့ စားလိုက်တာ ထမင်းနှစ်ပန်းကန်တောင် ကုန်သည်။ ပြီးတော့မှ ဝိတ်ချနေတယ်ဆိုတာသတိရလိုက်တာမို့ စိတ်လေးက အနည်းငယ်ညစ်သွားရသေးသည်။
'' အလုပ်ရှိသေးလား''
''ဘာလို့လဲ''
''ခြင်ထောင်ထောင်မလို့''
အရာအားလုံးက မောရတိမ်စိုင် နေ့တိုင်း သူ့ဘာသာသူလုပ်နေကျကိစ္စတွေပါပဲ။ အိမ်တအိမ်ရဲ့ ဝေယျာဝစ္စတွေ ဘယ်သူက ဘာတာဝန်ယူရမယ်ဆိုတာမျိုးမရှိ။ ဘယ်သူက ဘာကို လုပ်မှ အဆင်ပြေတယ်ဆိုတာမျိုးမရှိဘဲ မောရကတော့ သူ့ဘာသာသူ အရှေ့ကနေ လုပ်ပေးသွားစမြဲ။