အပျိုစင်လေးကိုအပိုင်သိမ်းမယ်-(Part-7)🚨🚨🚨
'' ဟေ့ကောင် မနက်အစောကြီးဖုန်းခေါ်လို့ပါလား၊ မိန်းမရသွားတဲ့ကောင်က အေးအေးဆေးဆေး နှပ်နေရမှာမဟုတ်ဘူးလား''
''မင်းပါးစပ်ကိုပိတ်ထား ငထက် မင်း အခုအားတယ်မလား ငါလာခေါ်မယ်''
မောရက အပြင်လက်ရှည်အင်္ကျီလေးကို ဆွဲယူကာဆိုင်ကယ်ယူထုတ်၍ ငထက်အိမ်ကို အမြန်လာခဲ့လိုက်သည်။
ငထက်အိမ်ရောက်တော့ ငထက်က မျက်နှာတောင်မသစ်သေး။ အခုမှ အိပ်ရာကနိုးလာတာနဲ့တူပါတယ်။ ခုနက သူဖုန်းဆက်တုန်းက ငထက်အိပ်ရာထဲမှာ ကွေးတုန်း..။
''မြန်မြန်လုပ် မျက်နှာသွားသစ်''
''ဘယ်သွားမှာမို့လို့လဲ ဘာလဲ အဟဲ မနက်စာလေးကျွေးမလို့လား ဘောစိမလင်ရဲ့''
''အင်း ကျွေးမယ် ခိုင်းလည်းခိုင်းစရာရှိတယ် ကြာတယ်ကွာ မျက်နှာသစ်စမ်း''
''အဟဲဟဲ အေးပါကွာ အေးပါ''
ငထက်က ပြောပြောဆိုဆိုနဲ့ အိမ်အနောက်ဘက်မှာ မျက်နှာသစ်သွားတိုက်ပြီး ယောကျ်ားသားတွေမို့ ဘာမှပြင်ဆင်တာမျိုးမရှိဘဲ မောရာတိမ်စိုင် ဆိုင်ကယ်အနောက်ကနေ လိုက်လာခဲ့လိုက်သည်။
''ဟေ့ကောင် ဘယ်သွားနေတာလဲ မနက်စာသွားစားမယ်ဆို လက်ဖက်ရည်ဆိုင်လည်းမဟုတ်ပါလား''
''နောက်မှမြိုဆိုတော့ အခုအလုပ်ရှိတယ်''
''ဘယ်လဲ''
ပြောရင်းဆိုရင်း မောရရဲ့ဆိုင်ကယ်က ဆိုင်လေးတစ်ဆိုင်ရှေ့မှာ ရပ်တန့်သွားခဲ့သည်။
အဲဒီဆိုင်ကတော့ ကုန်မာဆိုင် ဘိလပ် သဲ ကျောက်နဲ့ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်...
''ဟေ့ကောင် မနက်စောစောကြီး ဘာလာလုပ်တာလဲကွ''
''ဝယ်စရာရှိလို့''
''ဘာလုပ်မလို့လဲ''
''ရေချိုးခန်းဆောက်မလို့ကွာ''
''ဘယ်မှာ ဆောက်မှာလဲ''
''အိမ်အနောက်မှာပေါ့''
''ဘာလုပ်မလို့လဲ''
''ရေချိုးခန်းဆောက်တာဘာလုပ်ရမှာလဲ ရေချိုးမလို့ပေါ့ကွ''