10

771 59 9
                                    

Zawgi

မနက်ကကိစ္စကြောင့်ဂျောင်ဂုထွက်သွားတာကြာပြီ။ ထယ်ဟျောင်းလည်းသူဝမ်းနည်းသွားတာကိုရိပ်မိပေမယ့်ထွေထွေထူးထူးလိုက်ရှင်းပြတာမျိုးလုပ်ဖို့မလိုဘူးလို့တွေးသည်။

နေ့လယ်အထိပေါ်မလာသည့်ကောင်လေးကြောင့်ဖုန်းဆက်တော့လည်းစက်ပိတ်ထား၏။ ထိုအချိန်ဂျီမင်းနဲ့မင်းဂယူနှစ်ယောက်သားခြံ ထဲကိုဝင်လာတာမိို့ ခြံထဲမှာခုံချပြီးစာအုပ်ဖတ်ရာမှပိတ်လိုက်ပြီးမေးသည်။

" ဂျောင်ဂုရော"

မင်းဂယူ: ဗျာ ကျွန်တော်တို့သူ့ကိုလာခေါ်တာလေ

" မနက်ကတည်းကဂိမ်းဆိုင်ဆိုပြီးထွက်သွားတာ။"

ဂျီမင်း:  ကျွန်တော်တို့လည်းမနက်ကတည်းကဂိမ်းဆိုင်မှာရှိနေတာပါ။သူ့ကိုမတွေ့မိဘူးအန်ကယ်။

"task!! "

တောက်ခေါက်ပြီးစာအုပ်ပစ်ချကာထွက်သွားသည့်ထယ်ဟျောင်းကြောင့်မင်းဂယူ ဂျီမင်းရဲ့နောက်စေ့ကိုပိတ်ရိုက်၍အံကြိတ်ပြောတော့သည်။

" မိကျောင်းမသားရယ် ဟိုမှာကွိုင်ဟ"

"ငိ.... !!!"

ဂျီမင်းလည်းသူ့ပါးစပ်လေးသူပိတ်ပြီးဇက်ပုသွားတော့သည်။

•••••••••••••

လက်တစ်ဖက်ကsteel wheelကိုကိုင်ရင်းကျန်တစ်ဖက်က Apple chat နဲ့joinထားသည့် Ipadကိုအသံမက်ဆေ့ဂျ်ပေးလိုက်သည်။

" ph no. ***** ရဲ့ locationကိုသိချင်တယ်"

အသံအတည်ပြုပြီးတာနဲ့ဂျောင်ဂုဖုန်းနံပတ်နှင့်တည်နေရာကိုရှာသည့်စက်ကမိနစ်ပိုင်းအတွင်းအသံမက်ဆေ့ဂျ်ပြန်ပို့သည်။

" **** လမ်း၊ Nude Clubမှာတည်နေရာတွေ့ရှိပါတယ်။ တည်နေရာကိုသွားဖို့ဘယ်ဘက်ကိုကွေ့ပါ။"

အသံတကျိကျိမြည်အောင်ကြိတ်ထားတဲ့အံတွေကကျိုးကြေ မတတ်။ Clubကိုဦးတည်မောင်းသွားသည့်အရှိန်မြင့်ကားဘီးတွေဟာ Clubရှေ့ရောက်တာနှင့် Driftဆွဲကာရပ်တန့်သွားသည်။

အထူးအဆန်းဝိုင်းကြည့်လာကြသောလူများကိုလွန်ဆန်ပြီးClubအတွင်းဝင်ကာ ဂျောင်ဂုနာမည်နဲ့ငှားထားသည့်အခန်းအတွင်းဝင်သွား၏။ အခန်းငှားသူရဲ့ကိုယ်ရေးကိုယ်တာကိုပြောပိုင်ခွင့်မရှိသော်လည်းအုပ်ထိန်းသူဆိုတာကြောင့်ပြောပြလိုက်ရခြင်းသာ။

I Bought My EX's Son (completed) Where stories live. Discover now