23🔞

884 71 56
                                    

Zawg

ည12နာရီဝန်းကျင်မှာထယ်ဟျောင်း ခြံထဲကအမိုးပါHammockပေါ်ထိုင်ရင်းteaသောက်နေသည်။ သူစောစောမအိပ်ဖြစ်တာအတော်ကြာပြီ။

တစ်စုံတစ်ယောက်ကိုတွေ့ချင်လွန်းလို့လားဆိုတော့လည်းမဟုတ်ပြန်ဘူး။ ဒီအတိုင်း......ဒီအတိုင်းပဲ။

ခြံရှေ့ကကားသံကြောင့်ထယ်ဟျောင်းလှမ်းကြည့်လိုက်သည်။ အဖြူရောင်BBT sport carတစ်စီးဖြစ်၍ ဂျောင်ဂုဆင်းလာပြီး သေချာနှုတ်ဆက်နေသည်။

အလိုမကျစွာစိုက်ကြည့်ရင်းဂျောင်ဂုဝင်လာမှထိုကားလည်းမောင်းထွက်သွားသည်။နှင်းတဖွဲဖွဲကျနေသည့်အချိန်Hammockပေါ်ထိုင်နေသောထယ်ဟျောင်းကြောင့်ဂျောင်ဂုအကဲခက်ကြည့်မိသည်။

" လိုက်ပို့တာဘယ်သူလဲ"

" ဟင်....ဟို....C.E.Oပါ။ညဉ့်နက်အထိတစ်ယောက်တည်းပြန်ရင်အန္တရာယ်များလို့လိုက်ပို့တာ။"

" အန္တရာယ်များရအောင်မင်းကမိန်းမလား"

" အဲ့လိုတော့မဟုတ်ပေမယ့်ရန်စတဲ့ကောင်တွေနဲ့တွေ့တာ၊အလစ်သမားတွေနဲ့တွေ့ရင်လူကိုရိုက်ပြီးပိုက်ဆံလုသွားမှာစိုးလို့ပေါ့။"

တစ်ခွန်းမချန်ပြန်ပြောလာသည့်ကောင်လေးကြောင့်ထယ်ဟျောင်းဇက်တစ်ချက်ချိုးလိုက်သည်။

" ဒီကိုလာစမ်း"

" ဂုပင်ပန်းနေပြီ"

" စိတ်မဝင်စားဘူး......ခေါ်ရင်လာလိုက်"

" အိပ်ချင်ပြီ"

" ဂင်မ်ဂျောင်ဂု"

အေးစက်လာတဲ့အသံကြောင့်ဂျောင်ဂုကုပ်ကုပ်လေးအနားသွားရပ်လိုက်၏။လက်ကဆွဲချပြီးပေါင်ပေါ်တင်တော့ မလှုပ်ရဲ။လှုပ်လိုက်တာနဲ့ဆွဲနမ်းပြီးဇတ်လမ်းစရင် မနက်ဖြန်မကနိုင်မှာစိုးရသည်။

" သတ္တိကြောင်ရင်လည်းငါ့ကိုပြော လာကြိုပေးလို့ရတယ်။ ငါ့ထက်သူစိမ်းကိုအားကိုးတာလား။"

" ဂုသတ္တိကြောင်တာမဟုတ်ဘူး အန္တရာယ်ကိုကာကွယ်တဲ့အနေနဲ့အဖော်ခေါ်တာလေ ယောကျာ်းမာနထိခိုက်လိုက်တာ။"

" အဟွန်း...!"

မနေ့တစ်နေ့ကမှလူဖြစ်တဲ့ကလေးစုတ်က ယောကျာ်းမာနပြောတာကြောင့်သရော်ရယ်လိုက်သည်။ မှေးစင်းနေသည့်မျက်လုံးများကဘယ်လောက်ထိအိပ်ချင်နေမှန်းသိပေမယ့်အလွတ်မပေးနိုင်ဘူး။

I Bought My EX's Son (completed) Where stories live. Discover now