14

750 71 13
                                    

Zawgi

ရက်သက်တစ်ပတ်ကြာသော်ထယ်ဟျောင်းနဲ့ဟန်ဂျောင်းအီရဲ့စေ့စပ်ပွဲကိုအတိအလင်းကျင်းပသည်။

ဂျောင်ဂုအနေနှင့်ထယ်ဟျောင်းကသူမကိုမချစ်မှန်းသိသော်လည်း ကိုယ်ချစ်ရသူကမိန်းကလေးတစ်ယောက်နဲ့စေ့စပ်ပွဲလုပ်ခြင်းဟာအနည်းငယ်တော့သိမ်ငယ်စိတ်ဝင်စေသည်။

သို့ပေမယ့်နှုတ်ခမ်းမွှေးရေးရေးပေါက်နေတာတောင်မရိတ်သည့်ထယ်ဟျောင်းက စေ့စပ်ပွဲကိုမဖြစ်လို့သာလုပ်ရတဲ့ပုံ။သပ်သပ်ရပ်ရပ်မဟုတ်ပဲ ဖြစ်သလိုsuitကိုကောက်ဝတ်လာခဲ့ခြင်းသာ။

စေ့စပ်ပွဲမှာဟန်ဂျောင်းအီဘက်ကဧည့်သည်တွေချည်းရှိပြီးထယ်ဟျောင်းဘက်ကဧည့်သည်တွေမပါ။ ဂျောင်ဂု ဧည့်ခံဝိုင်းမှာစောင့်ရင်းဧည့်သည်တွေကိုဝတ္တရားကျေလိုက်နှုတ်ဆက်နေသော ထယ်ဟျောင်းသွားရာအရိပ်တကြည့်ကြည့်လိုက်ကြည့်နေမိသည်။

အဖြူရောင် ဖဲသားshirtလေးပေါ်ငွေမှင်ရောင်အမျှင်လေးတွေပါတဲ့coatထပ်ဝတ်ထားပြီးအဖြူရောင်pant၊အဖြူရောင်shooesစီးထားသည့်ဂျောင်ဂုကတော်ဝင်မင်းသားလေးလိုလှပနေသည်။

စေ့စပ်ပွဲပြီးချိန်အထိဟန်ဂျောင်းအီမျက်နှာမှာအပြုံးတွေဝေဆာလို့။

" ကိုကို babyတို့အတွက်ဖေဖေ့ဘက်ကအဒေါ်ကကွန်ဒိုတစ်ခန်းလက်ဖွဲ့ပေးထားတယ်။ဒီညအဲဒီကိုသွားမယ်​လေ။"

" ဘယ်မှမသွားဘူး.......ငါပြန်ပြီ"

" ဟာ ကိုကို ဒီလိုလုပ်လို့မရဘူးလေ...!! ကိုကို...!!"

ပွဲပြီးပြီးချင်းလက်မှာချိတ်ထားသည့်ဟန်ဂျောင်းအီလက်တွေကိုဆွဲဖြုတ်ကာဂျောင်ဂုရှိရာဆီခြေလှမ်းကျဲများဖြင့်သွားသည်။ Mr.Hanလည်းနောက်ကလိုက်တားတော့၏။

" ထယ်ဟျောင်း မင်းကဘာသဘောလဲ။ အန်ကယ့်သမီးအပေါ်လေးစားမှုတော့ရှိသင့်တယ်။"

" အပေးအယူအရစေ့စပ်တာအသိသာကြီးပဲအန်ကယ် လေးစားတာဘာညာလာမပြောနဲ့ စိတ်မဝင်စားဘူး။......ဟေး ဂင်မ်ဂျောင်ဂု....သွားမယ်ထ။"

ရုတ်တရက်ခြေလှမ်းကျဲများနှင့်ဘေးကဖြတ်သွားရင်းပြောတာမို့ဂျောင်ဂုမအူမလည်လေးနောက်ကလိုက်သွားရသည်။

I Bought My EX's Son (completed) Where stories live. Discover now