Zawgi
နားထဲဝင်လာသမျှစကားလုံးတိုင်းကနှလုံးသားကိုအက်ဆစ်နဲ့ပက်နေသလိုပင်။ မေမေလေးနဲ့ဂျွန်အန်းဂျယ်ခေါ်ဖေဖေက စီနီယာ ဂျူနီယာဆက်ဆံရေးဖြစ်ပြီး ဒယ်ဘူနဲ့ဖေဖေကသူငယ်ချင်းပတ်သက်မှုကစခဲ့တဲ့ချစ်သူတွေတဲ့။
အထက်တန်းပထမနှစ်ကတည်းကတွဲနေကြတာဖြစ်ပြီးအဲဒီအချိန်ကတည်းကမေမေလေးကဒယ်ဘူ့ကိုသဘောကျနေတယ်။ ဒယ်ဘူကတော့ဖေဖေမှဖေဖေပဲတဲ့။
မေမေလေးကဖေဖေ့ရဲ့ပုံသဏ္ဍာန်ကိုပြောပြတယ်။ အပြာရောင်မျက်ဆံတွေရယ်၊လှိုင်းတွန့်သဏ္ဍာန်ကောက်နေတဲ့ရွှေဝါရောင်ဆံပင်တွေရယ်။ ပါးလှပ်သည့်ခန္ဓာကိုယ်နှင့်ကျောင်းရဲ့နာမည်ကြီးတစ်ယောက်မို့ဒယ်ဘူဆီကအချစ်တွေကိုအများကြီးရခဲ့မယ်ထင်ပါသည်။
ဖေဖေဟာသိပ်ကံကောင်းပါ၏။
ဘာလို့ဖေဖေနဲ့ဒယ်ဘူလမ်းခွဲခဲ့တဲ့အကြောင်း၊ကျွန်တော့်ကိုဘာလို့မွေးစားခဲ့တဲ့အကြောင်းကအစသိခွင့်ရလိုက်တယ်။ ပျော်လားဆိုတော့..... ဟင့်အင်း....အစကတည်းကမကယ်တင်ခဲ့သင့်တာ။
ဒယ်ဘူနဲ့အတူရှိနေရတာကိုသဘောကျလွန်းလို့ဘဝတလျှောက်လုံးမိဘအရင်းတွေအကြောင်းမမေးခဲ့ဖူးဘူး။
အခုတော့သိလိုက်ပါပြီ။ဒယ်ဘူကဖေဖေ့ကိုမပိုင်ဆိုင်ရလို့ကျွန်တော့်ကိုအစားထိုးနေတာပဲ။
" ကိုကိုကမင်းအဖေအပေါ်တယုတယဆက်ဆံပေးခဲ့ပေမယ့်ခွေးဇာတ်ခင်းသွားတော့ ကိုကို့ဘက်ကလည်းပြတ်ပြတ်သားသားပဲ။ မင်းအဖေကသာ"
" ကျွန်တော်သိပြီ......ဒီလောက်နဲ့ပဲ......ရပ်ပါတော့"
ရင်ထဲကတဆစ်ဆစ်ထိုးကိုက်လာတာမို့စကားတွေကိုပိတ်ပင်လိုက်သည်။ ဖိမှိတ်ထားသည့်မျက်လုံးတွေအတွင်းကမျက်ရည်များစွာကျလာ၏။
ဒီနေရာကအမြန်ဆုံးပြေးထွက်ဖို့ယိုင်နဲ့နဲ့ခြေလှမ်းတွေကိုအသင့်ပြင်သော်လည်း အရာအားလုံးဟာအမှောင်အတိဖြစ်သွားသည်။
ဒါကိုရင်ကွဲနာကျတယ်ခေါ်မလား။
" ဟဲ့...!! ဒီမှာလာကြစမ်း ဘာဖြစ်သွားတာလဲမသိဘူး..!!"
ဟန်ဂျောင်းအီရဲ့အော်သံကြောင့်မီဆုနှင့်အတူပြေးလာကြသောကောင်မလေးတွေ။ ဂျောင်ဂုကိုပွေ့ထူပြီးနှိုးကြပေမယ့်မရတာမို့အကုန်အစိုးရိမ်တကြီး။
YOU ARE READING
I Bought My EX's Son (completed)
Fanfictionငါမင်းကိုချစ်ချင်ချစ်မယ် မုန်းချင်မုန်းမယ် အကုန်ငါ့စိတ်တိုင်းကျလုပ်မယ်.... မင်းမှာရွေးချယ်ပိုင်ခွင့်မရှိဘူးဂင်မ်ဂျောင်ဂု... Top tae