part..2(zawgyi)

281 4 0
                                    

လောကကြီးမှာ အငြိမ်းချမ်းဆုံးသူကို
ပြပါဆိုရင်
ပျို့ကိုပြရမယ် ထင်တယ်.....
ပျို့ဘဝကအရိုးရှင်းဆုံးပဲ
ငယ်ငယ်ကတည်းက
မိဘတွေမရှိတော့လို့
အဘိုးအဘွားက စောင့်ရှောက်လာခဲ့တာ
အခုတော့
အဘိုးအဘွားလည်းမရှိတော့ဘူး.....
ငွေကြေးဥစ္စာအတွက်ကလည်း
ပူစရာမလိုဘူး
မိဘအဘိုးအဘွားက
အလုံအလောက်ထားပေးခဲ့သလို
ကိုယ်ပိုင်လုပ်ငန်းအနေနဲ့
စားသောက်ဆိုင်တွေဖွင့်ထားတယ်...
ဆိုင်တွေကလည်း စိတ်ချရတဲ့
မန်နေဂျာတွေရှိတယ်
ကိုယ်က ပုံမှန်စာရင်းလိုက်စစ်ပြီး
ငွေထိုင်သိမ်းရုံပဲ....
ရုပ်ရည်ကလည်း ကြွားတာမဟုတ်ဘူး
ပျို့ကိုမြင်တဲ့သူတွေကအကုန်
လည်ပြန်ငေးကြည့်ကျရတယ် ...
အဲ့တော့ ကိုယ့်ဘေးနားမှာ
ကိုယ်ကိုလိုချင်တဲ့သူတွေ
ဝိုင်းဝိုင်းလည်နေလို့
ငြင်းလွှတ်နေရတယ် ....
ကိုယ့်ဘဝကြီးကအပူအပင်မရှိဘူးဆိုပေမယ့်
တခုပဲ တလတခါလောက်
အမြဲပုံမှန်မက်နေတဲ့
အိမ်မက်တခုပဲရှိတယ် ....
အိမ်မက်ကကြောက်စရာကောင်းပြီး
သနားစရာကောင်းတယ် ...
အဲ့ အိမ်မက်ထဲက ကောင်မလေးက
ပျိုကိုယ်တိုင်လို့ ခံစားရတဲ့အတွက်
အဲ့လူကြီး၃ယောက်ကိုတော့
အရမ်းမုန်းတယ်....
အဲ့တာက အရင်ဘဝမှာ ကြုံခဲ့ရတာဆို
အခုဘဝမှာတော့ သူတို့နဲ့ ဘယ်တော့မှမဆုံချင်တော့ဘူး.....
အခုတော့ ညကအိမ်မက်ဆိုးကြောင့်
စိတ်ရှုပ်စွာနဲ့ပဲ နိုးထလာခဲ့ရတယ် ....
ကောင်းကျိုးမပေးတဲ့ လူကြီးတွေ
အကုန် ခလုတ်တိုက်ပါစေ...ဟင့် ....
သူမရဲ့ဆုတောင်းကြောင့်
ကမ္ဘာတဖက်ခြမ်းမှာနေထိုင်နေတဲ့
လူ၁ယောက်ဟာ
အလုပ်တွေပြီးလို့ အိမ်ပြန်လာတဲ့
လမ်းက မြေပြင်အညီမှာ
ခလုတ်တိုက်မိနေတယ် .....
အဲ့လိုပဲမနက်ခင်း
အပြေးလေ့ကျင့်နေတဲ့
သူ၂ယောက်ကလည်း
ပြေးနေရင်း ခလုတ်တိုက်ပြီး
၂ယောက်လုံးလဲသွားလို့
၁ယောက်နဲ့၁ယောက်တွဲထူကျရင်း
တဟားဟားနဲ့ ရီမောနေကျတယ် ....
. . . . . . . . . . . . .
မနက်ခင်းမျက်နှာသစ်နေရင်းနဲ့
မှန်ထဲမှာ ပေါ်နေတဲ့
မျက်နှာလေးကိုကြည့်နေရင်းနဲ့
ကိုယ့်ဘာသာကိုယ်ကြွေနေရတယ် ...
"ငါတကယ်ရုပ်ချောတာပဲ...😊😊"
အဝတ်အစားလဲ ပြင်ဆင်ပြီးတော့
မနက်စာကို ရှိတာစားပြီး
ကားသော့ဆွဲကာ ထွက်လာခဲ့တယ် ...
အိမ်နဲ့ အနီးဆုံးဆိုင်ကိုဝင်ပြီး
အစားအသောက်အတွက်
ပြင်ဆင်ထားတာတွေကိုစစ်ဆေးပြီး
ပျို့ရဲ့နံပါတ်၎ဆိုင်မှာ
ရှိမယ်ဆိုတာမှာပြီး
နောက်ဆိုင်တွေဆက်စစ်ပြီး
ပျို့ရဲ့နံပါတ်၎ဆိုင်ရောက်တော့
နေ့လည်စာစားချိန်ရောက်နေပြီ
အဲ့တာနဲ့ စားချင်တာမှာပြီး
သစ်ပင်ရိပ်အောက်ကစားပွဲမှာ
ထိုင်စောင့်ရင်း
စာအုပ်ဖတ်နေလိုက်တယ် ....
ပျို့ဆိုင်တွေရဲ့ထူးခြားချက်က
သစ်ပင်အကြီးကြီးတွေရှိတဲ့နေရာကို ရအောင်ဝယ်ပြီး သစ်ပင်တွေကြားမှာ
သစ်လုံးအိမ်လေးတွေဆောက်ပြီး
တောတောင်သဘာဝအရသာခံစားလို့ရအောင်ပြင်ထားတယ် ...
အဲ့တော့ စားပွဲတွေအများကြီးမရှိပဲ
ကြိုတင် ဘိုကင်တင်ထားမှ
လာစားလို့ရတယ် ....
ဟင်းပွဲအရသာကောင်းပြီး
သဘာဝသစ်တောရဲ့အရသာကို
ခံစားရင်းစားနိုင်တော့
နေ့တိုင်းလာစားတဲ့သူမပြတ်ဘူး ....
သာမာန်ဆိုင်တွေထက်ဈေးပိုယူပေမယ့်
လာစားကျတာပဲ....
အခုလည်း အေးအေးဆေးဆေးနေချင်လို့
ဒီဆိုင်ကိုနောက်ဆုံးမှလာခဲ့တာ
တခြားဆိုင်တွေက အပင်ကြီးတွေကို
ဝယ် နေရာရွေ့စိုက်ပြီး
ကိုယ့်လိုချင်တဲ့ ပုံစံဖန်တီးထားပေမယ့် ...
ဒီဆိုင်ကတော့
တကယ့် သဘာဝအပင်တွေကြားမှာ
ဖွင့်ထားတာ
မြို့စွန်ဘက်ရောက်တဲ့နေရာမှာ
နှစ်အရမ်းကြာနေတဲ့သဘာဝသရက်ပင်တွေ
ဇီးပင်အိုကြီးတွေ
ပေ၂၀ပတ်လည်လောက်အုပ်ဆိုင်းနေတဲ့
သီဟိုဠ်ပင်အိုကြီးတွေနဲ့ ခြံကို
ကြိုက်ဈေးပေးဝယ်ထားရတာ..
အပင်တွေရဲ့မြေကြီး ထိလုဖြစ်နေတဲ့
အကိုင်းအခက်တွေကြားမှာ
သစ်လုံးတဲလေးတွေ ဆောက်ထားတာ
ပျိုငယ်ငယ်က ဇတ်ကားကြည့်ရင်
သစ်ပင်ပေါ်က သစ်လုံးအိမ်လေးတွေကို
အရမ်းသဘောကျခဲ့တာလေ
အဲ့တော့ ပျိုအရမ်းအကြိုက်တဲ့
သစ်လုံးအိမ်ဆောက်ပြီး
စီးပွားရှာလိုက်တာ
ကိုယ်လိုချင်တာလဲရတယ် ...
စီးပွားလည်းဖြစ်တယ်...
အဲ့ကြားထဲက
နေရာလွတ်တွေမှာ သစ်သီးပင်တွေကို
လိုက်စိုက်ထားတော့
သဘာဝအသီးတွေခူးစားလို့ပါရတဲ့
ပျို့ဆိုင်က နာမည်ကြီးတာပေါ့....
လူအမြဲပြည့်နေတဲ့ ဆိုင်မှာ
ကိုယ်အတွက် ဘာလို့
စားပွဲလွတ်နေလဲမမေးနဲ့
ပျို့အတွက် သီးသန့်နေရာတခုကို
ပျို့စိတ်ကြိုက်ဖန်တီးထားတဲ့
နေရာလေးချန်ထားတာ
အဲ့နေရာက ပျို မလာဖြစ်မှ
VIPဝိုင်းလက်ခံတယ်
ဈေးကလည်းတော်ရုံလူမတတ်နိုင်တဲ့
ပမာဏတောင်းတာကို
လာကျတာပဲ...
ပျိုဆိုင်လာတဲ့အချိန်ဆို
အဲ့နေရာက
ပျို့ရဲ့အလုပ်ခန်းဖြစ်သွားတယ်
အလုပ်ခန်းဆိုလို့အထင်မကြီးနဲ့
အလုပ်ကဂျာကြီးလုပ်တယ်
ပျိုကထမင်းစားတယ်
သစ်လုံးအိမ်လေးမှာအနားယူအိပ်တယ်
ညနေမှစာရင်းလေးကောက်စစ်ပြီး
အိမ်ပြန်တယ်😊😊😊...
ဒီနေ့ကဒီမှာနားမယ့်နေ့မဟုတ်ဘူး
ညကအိမ်မက်ကြောင့်စိတ်ရှုပ်လို့
အေးဆေးနားချင်လို့လာခဲ့တာ...
အခုလည်း ပျိုထိုင်စောင့်နေတုန်း
လူ၂ယောက်ရောက်လာတယ် ...
နေရာမှားလာတာထင်တယ်
စာအုပ်ဖတ်နေရင်းမို့
မော့မကြည့်တော့ဘူး ....
လူရှိတယ်ဆို သူတို့ဘာသာ
တခြားနေရာရှာလိမ့်မယ် ....
"ဒီကညီမ...
နေရာမှားနေတာထင်တယ် ..
ဒီနေရာက
အစ်ကိုတို့ဘိုကင်လုပ်ထားတဲ့နေရာ...."ဆိုလို့
မော့ကြည့်လိုက်တော့
ပျို ပါးစပ်အဟောင်းသားဖြစ်သွားတယ် ...
ပျို့ရဲ့ အိမ်မက်ထဲက
ရန်သူတော်ကြီးတွေကို
မျက်နှာချင်ဆိုင်လာတွေ့နေတယ် ....
သူတို့ကအပြင်မှာတကယ်ရှိနေတာပေါ့
ညကမှအိမ်မက်မက်ထားလို့
အိပ်ရေးမဝလို့ မကြည်လာတဲ့စိတ်က
သူတို့ကိုမြင်တော့ ပိုစိတ်တိုသွားတယ် ...
ဘေးကဖုန်းကိုကောက်ကိုင်ပြီး ...
"အေး...ငါ...
မန်နေဂျာကိုဇွဲကိုလွှတ်လိုက် ..."ဆိုပြီး
အဲ့လူတွေကို အဖက်လုပ်စကားမပြောပဲ
စာအုပ်ကို ပြန်ငုံဖတ်နေလိုက်တယ် ...

ကျိန်စာသင့်ကျသူများ(က်ိန္စာသင့္က်သူမ်ား )completedWhere stories live. Discover now