ခန့်မေမေကျွေးတဲ့နေ့လည်စာစားပြီး
ခန့်လူပျိုတုန်းက နေခဲ့တဲ့အခန်းကို
ဝင်ပြီး အနားယူကျတယ် ....
ခန့်အခန်းက ရိုးရှင်းပြီး
ပုံမှန်အခန်း၁ခန်းပဲ
ခန့်က စာဂျပိုးထင်တယ် ...
အခန်းထဲမှာစာအုပ်တွေကများကြီးပဲ
"ခန့်မေမေက
သဘောကောင်းတယ်နော်
ချစ်လိုက်တာ...."
"ဟုတ်တယ် ....ငါဆို
အစောကြီးကတည်းက
အချစ်ခံရတာ
နင်လာလို့
ငါ့နေရာခွဲပေးထားရတာ
အမေက သားနဲ့သမီးဆို
သမီးကိုပိုတယ်ထင်တယ်
မျက်နှာလိုက်တာ ...."
"ပျိုက ချစ်ဖို့ကောင်းတာကို...."
"အော်....နင်ဂျစ်တူးမမှန်းမသိလို့ပါ..."
"ခင်ဗျားကြီးကြောင့်လေ
ခင်ဗျားရန်လာစနေတာကို...."
"ခန့်အစ်ကိုလည်းသိသွားပါပြီ
ပထမဆုံးအိမ်လာလည်တဲ့နေ့မှာ
ကိုယ့်ခဲအိုကို ပြန်အော်တာ
နင်ပဲရှိမယ်..."
"အစ်ကို့ကို အဖေနဲ့မှားသေးတယ်
မင်္ဂလာပါအဖေတဲ့...
ဟား...ဟား...."
"ခန့်.....ဘာလို့ သူ့ကိုပြောပြတာလဲ...."
"ဘာ....မင်္ဂလာပါ အဖေ
ဟုတ်လား
ဂျစ်တူးက လိမ္မာချင်ယောင်ဆောင်တာ ...
ဟား...ဟား...."
"ဘာဖြစ်လဲ ...
ဦးလေးကြီးဆိုတော့
အဖေထင်တာပေါ့...."
"ကိုယ့်အစ်ကိုက ၃၂ပဲ
ရှိပါသေးတယ်ကွာ..."
"ကိုကြီးထက်တောင်ငယ်သေးတာ
ကိုကြီးအဖေထင်ရတယ် ...."
"အေး....ငါသွားတိုင်မှာ...."
"ဘယ်လိုဖြစ်နေတာလဲ
မသိလိုမှားတာကို...."
"မင်္ဂလာပါအဖေ...
ဟား...ဟား...
အဲ့အချိန် ငါရှိလိုက်ရမှာကွာ..."
"ခန့်ကလည်း သွားပြောနေတယ်
အဲ့ အကျင့်ပုတ်ကို....."
"ငါက အစ်ကိုကို
အဖေမှားမခေါ်ဘူးလေ...."
"တော်ပြီနော် ....
စိတ်တိုလာပြီး..."
"မကြောက်တာ ....ဂျစ်တူးမ...."
"တော်ပြီ...
မခေါ်တော့ဘူး ...
စကားလာမပြောနဲ့....."ဆိုပြီး
ခန့်ကုတင်ပေါ်တက်ပြီး အိပ်နေတယ်....
YOU ARE READING
ကျိန်စာသင့်ကျသူများ(က်ိန္စာသင့္က်သူမ်ား )completed
Духовная литератураသူဌေးအိမ်ကို ငွေကြေးကြောင့်ရောင်းစားခံရတဲ့ မိန်းမလှလေး၁ယောက်ကို သူတို့ဝယ်ထားတာပဲ သူတို့စိတ်ကြိုက်အသုံးတော်ခံရမယ်ဆိုပြီး အရုပ်၁ရုပ်လို့ စိတ်ကြိုက်ကစားပြီး နောက်ဆုံးကျ အဆိပ်သောက်ခိုင်းတဲ့ သူတွေကို စိတ်နာသွားတဲ့ သူမရဲ့ကျိန်စာကတော့...... သူဌေးအိမ်...
