part..14

1K 23 4
                                    

အစ်ကိုတို့ မုန့်ဝယ်လာမယ်ဆိုလို့
စောင့်နေတာ
အခုထိကိုပေါ်မလာသေးဘူး....
အဲ့အချိန်မှာပဲ
ဖုန်းဝင်လာလို့ကြည့်လိုက်တော့
ခန့်ဆီကဖုန်း ...
ကိုင်လိုက်ပြီး
ရန်တွေဖို့လုပ်တော့
"ခန့်...ဘာလို့မလာသေးတာလဲ
ကြာလှပြီ ...ဗိုက်ဆာနေပြီ...."

" ဟိုလေ ...ဒီဖုန်းပိုင်ရှင်က
ယာဥ်တိုက်မှုဖြစ်လို့
အခုဆေးရုံကြီးက
အရေးပေါ်ဌာနကိုပို့ဖို့လုပ်နေတာပါ...
လူနာရှင်လိုက်လာပေးပါ..."

"ဟုတ်ကဲ့ ...၂ယောက်လုံးလားဟင်..."

"ဟုတ်ပါတယ်...လူနာ၂ယောက်ပါ
သတိမရကျသေးဘူး...ဒါပဲနော်..."
ဆိုပြီး ဖုန်းချသွားတယ် ....
ဘာလုပ်ရမှန်းမသိတာနဲ့
ကိုကြီးဆီဖုန်းလှမ်းဆက်တော့

"ဘေဘီ....ကိုယ်အလုပ်မပြီးသေးဘူး
ပြီးရင်ဖုန်းဆက်လိုက်မယ်နော်...."

"ကိုကြီး ...ခန့်တို့လေ
ခန့်တို့လေ..."

"ဘာဖြစ်လို့လဲ ...ဘေဘီ
စိတ်လျော့ ဖြေးဖြေးပြော..."

"ခန့်တို့ ...ယာဥ်တိုက်မှုဖြစ်လို့တဲ့...
အခုဆေးရုံကြီးကိုခေါ်သွားတယ်တဲ့
ပျိုဘာလုပ်ရမလဲ...ဟင့်..ဟင့်..."

"မငိုနဲ့ဘေဘီ...
ဆိုင်က၁ယောက်ယောက်ကို
ကားမောင်းပြီးဆေးရုံက်ိုလိုက်ပို့ခိုင်း
ကိုယ်လည်းအမြန်လာခဲ့မယ် ...
ဘာမှတော့မဖြစ်လောက်ပါဘူး
စိတ်မပူနဲ့နော် ...တိတ်...တိတ်..."

"ဟုတ်..."ဖုန်းချပြီး
ဆိုင်ကတယောက်ကို
လိုက်ပို့ခိုင်းရတယ် ....
ကားပေါ်ရောက်မှကြယ်တို့ကိုသတိရပြီး
မနေကယူထားတဲ့
ဖုန်းနံပါတ်ကိုခေါ်ပြီး
ဆေးရုံလိုက်ခဲ့ဖို့ပြောရတယ်....

အစ်ကိုတွေဘာမှမဖြစ်ပါစေနဲ့
ပျိုဝယ်ခိုင်းတာသွားဝယ်ကျရင်း
ဖြစ်တာထင်တယ်...
ဖေဖေနဲ့မေမေတုန်းကလည်းအဲ့လိုပဲ
ပျိုမှာတာကို သွားဝယ်ရင်းနဲ့
ကားတိုက်ပြီးဆုံးသွားတာ
ပျိုသာမမှာရင်သေမှာမဟုတ်ဘူး....😢😢
အစ်ကိုတို့သာတခုခုဖြစ်သွားရင်
ပျို ဘယ်လိုလုပ်ရမလဲ....

ဆေးရုံရောက်တော့
ကားပေါ်ကဆင်းပြေးပြီ
ဘယ်သွားရမှန်းမသိဘူး
ယောင်လည်လည်လုပ်နေတုန်း
လိုက်ပို့ပေးတဲ့ အစ်ကိုက

ကျိန်စာသင့်ကျသူများ(က်ိန္စာသင့္က်သူမ်ား )completedWhere stories live. Discover now