အိမ်အောက်ဆင်းလာတော့
ခန့်နဲ့ဦးလေးကြီး၁ယောက်နဲ့
အတူထိုင်နေတယ်....
ဒီတခါတော့ရမ်းမခေါ်တော့ဘူး...
ဘေးက ကြယ်စင်ကို
လက်တို့ပြီး
"အဲ့တာ နင့်အဖေလား..."
"ဟုတ်တယ်...."
အဲ့တော့မှ ခန့်နားသွားပြီ ....
"မင်္ဂလာပါ...အဖေ...."
"အေး....သမီးထိုင်..."
"ဟုတ်....."
"ခန့်...ကိုကြီးလာမယ်တဲ့ ...
ကြယ်ခေါ်လိုက်တာ..."
"နေရာသိလို့လား ..
အပြင်ထွက်စောင့်ရမှာလား ...."
"မသိရင်ဖုန်းဆက်မှာပေါ့....
အမေကော...."
"မီးဖိုထဲမှာ.....ထင်တယ်...."
"ပျိုသွားကူပေးရမလား...."
"အစ်ကိုပဲသွားလိုက်မယ်
ပျိုက အဖေနဲ့စကားပြောလိုက်...."
"ဟုတ်...."
"အေးအေးဆေးဆေး
သက်သောင့်သက်သာနေ သမီး...."
"ဟုတ်...."
"ဟာ...ဂျစ်တူးမ...
အဖေ့ကိုနုတ်ဆက်ပြီးပြီလား...."
"ခင်ဗျားကြီးနော်....."
"နေ့လည်က
အစ်ကိုကြီးကို အဖေထင်ပြီး
သွားနုတ်ဆတ်နေတာလေ...
မင်္ဂလာပါ အဖေတဲ့...
ဟား...ဟား....."
"ခင်ဗျားကြီး ဘယ်လိုဖြစ်နေတာလဲ...
မှားသွားတာကို..."
"သားကလည်း...
သမီးရှက်အောင်...
မှားတာရှိမှာပေါ့...."
"ဟုတ်တယ် ....
ဦးလေးကြီးဆိုတော့
အဖေထင်လိုက်တာပေါ့..."
"ငါအဲ့လောက်မကြီးသေးပါဘူး...."
"အဖေနဲ့ယှဥ်ကြည့်ပါ့လား ...."
"အဖေ့ကို အစ်ကိုကြီးထင်မှာ....."
"ဘာ...နင်လွန်နေပြီနော် ....
အဖေ...သားအဲ့လောက်
မကြီးသေးပါဘူးနော်....."
"သမီးက အမှန်ပြောတာကို...."
"အဖေတို့လင်မယားတွေအတူတူပဲ
မျက်နှာလိုက်တယ် ....
ဟိုက ဖားပြီးပြောတာကို....."
"မဖားပါဘူးနော် ...
အမှန်ပြောတာ ...
မြင်တဲ့သူတိုင်းသိတယ်...."
"နင်တော့နော် ...."
"အစ်ကိုကြီးက...
ပျို့ကို ဖောက်ပြန်တယ်ပြောထားတာ ..."
YOU ARE READING
ကျိန်စာသင့်ကျသူများ(က်ိန္စာသင့္က်သူမ်ား )completed
Духовная литератураသူဌေးအိမ်ကို ငွေကြေးကြောင့်ရောင်းစားခံရတဲ့ မိန်းမလှလေး၁ယောက်ကို သူတို့ဝယ်ထားတာပဲ သူတို့စိတ်ကြိုက်အသုံးတော်ခံရမယ်ဆိုပြီး အရုပ်၁ရုပ်လို့ စိတ်ကြိုက်ကစားပြီး နောက်ဆုံးကျ အဆိပ်သောက်ခိုင်းတဲ့ သူတွေကို စိတ်နာသွားတဲ့ သူမရဲ့ကျိန်စာကတော့...... သူဌေးအိမ်...
