part..21

1.4K 21 4
                                    

အိမ်ပြန်ရောက်ကျပြီးတော့
ပျိုက အိပ်အုန်းမယ်ဆိုကာ
အပေါ်ထပ်တက်သွားပြီး
တခါပြန်အိပ်တယ် .....
အဲ့တော့ ၃ယောက်သား
အလုပ်ကိုထွက်လာခဲ့ကျတယ်.....
ခန့်နဲ့သူရိယက
ပျို့ဆိုင်တွေပါဝင်စစ်ဖို့
လူခွဲပြီး သွားရတယ် ....
နောက်တပတ်ဟန်းနီမွန်း
ခရီးသွားဖို့အလုပ်တွေ
ဖြတ်ထားခဲ့ရမှာ.....
. . . . . . . . . . . . . . .
ပျိုအိပ်နေတာကနေ နိုးလာတော့
တအိမ်လုံး တိတ်ဆိတ်နေတယ် ...
အစ်ကိုတွေ
အလုပ်သွားကျတာထင်တယ် ...
အခုပျိုက အိမ်ရှင်မဖြစ်ပြီဆိုတော့
အစ်ကိုတွေအလုပ်က ပြန်လာရင်
စားဖို့ပြင်ဆင်​ပေးထားရမှာပေါ့....
ခန့်၁ယောက်တည်းအစားအသောက်အတွက်
ပြင်ဆင်နေရတယ်ဆိုတာ မဖြစ်သင့်ဘူးလေ
ခန့်ကလည်း အလုပ်လုပ်ရတာပဲ...
အဲ့တာနဲ့ အိမ်ယာက ထပြီး
လမ်းထိပ်က martကို
လိုအပ်တာတွေထွက်ဝယ်ဖို့ပြင်နေတုန်း
အဘွားကဖုန်းဆက်လာတယ်....
ခန့်အမေနဲ့အဘွားစျေးဝယ်ထွက်မလို့
လိုက်မလားတဲ့ ...
အဲ့တော့ သေချာပြန်ပြင်ပြီး
အမေဆီထွက်လာခဲ့တယ် ...
အမေဆီကနေ အစ်ကိုကြီးက
ကားမောင်းပြီး အဘွားစောင့်နေမယ်
ဆိုတဲ့နေရာကိုထွက်လာခဲ့ကျတယ်....
ဆိုင်ရောက်တော့ ခေါင်းလျော်
အနှိပ်ခံ မျက်နှာပေါင်းတင်
ဆံပင်နဲ့ ခြေသည်းလက်သည်းတွေ
ပြင်ပြီးသွားတော့မှ
စျေးဝယ်ဖို့ထွက်လာခဲ့တယ် ....
နောက်ကလိုက်တဲ့ အစ်ကိုကြီးက
ပွစိပွစိနဲ့ပြောပြီး လိုက်လာတယ် ....
အမေနဲ့အဘွားဝယ်တဲ့ ပစ္စည်းတွေကို
အဘွားရဲ့နောက်ကပါလာတဲ့သူနဲ့နဲ့
အစ်ကိုကြီးပဲ ကိုင်ရတာလေ
လူကြီးတွေစိတ်တိုင်းကျ
သူတို့နောက်က လိုက်ရင်း
သူတို့ဝယ်ပေးတာတွေကို
သယ်လာရတာ
ဒါတောင်တချို့ပစ္စည်းတွေကို
အိမ်ကို တိုက်ရိုက်ပို့ပေးဖို့
လိပ်စာပေးခဲ့ရတာ ....
အဘွားက ခေတ်မှီချက်ကတော့
ပျို့တို့အတွက် ညဝတ်အင်္ကျီဆင်တူ
အတွင်းဝတ်ပါဆင်တူဝယ်ပေးချင်တာ
အဲ့လို့စျေးပတ်ဝယ်နေတုန်း
အစ်ကိုတွေအိမ်ပြန်ရောက်တာ
အိမ်မှာပျိုမရှိလို့ ဖုန်းဆက်မေးတာနဲ့
ပျော်ပျော်ကြီး လိုက်လာခိုင်းလိုက်တယ် ...
သူတို့ကိုကူသယ်ခိုင်းရအောင် ...
နောက်ကလိုက်ရတဲ့
ပျိုနဲ့အစ်ကိုကြီးက ပင်ပန်းနေပြီ
အမေနဲ့အဘွားက
ရှေ့ကလက်ချိတ်သွားနေပြီး
လက်ဝတ်ရတနာဆိုင်ဝင်လိုက်
အိတ်ဆိုင်ဝင်လိုက်
အထည့်ဆိုင်ဝင်လိုက်နဲ့
မမောနိုင်ဘူး
အရမ်းပျော်နေကျတာ...
အစ်ကိုတွေရောက်လာတော့
၂ယောက်သားအိတ်ဆိုင်ထဲ
ပတ်ပြီး ရွေးလိုက် ဝယ်ပေးလိုက်နဲ့
အဆင်ပြေနေကျတာ ......
ပျို့ကိုလည်းဒါလေးလှတယ်
ယူလိုက် ဟိုဟာလေးကောနဲ့
မနည်းတားယူရတယ် ...
ပျိုက ကြိုက်တဲ့အိတ်တလုံးလောက်ကိုပဲ
ရှိသမျှပစ္စည်းတွေအကုန်ထည့်ထားပြီး
သုံးတာ ဆိုတော့
အိတ်အများကြီး မသုံးတတ်ဘူး
လူကြီးတွေကတော့
အပြင်သွားရင်တလုံး
ပွဲတက်၁လုံးသုံးကျတာဆိုတော့
လိုတာပေါ့......

ကျိန်စာသင့်ကျသူများ(က်ိန္စာသင့္က်သူမ်ား )completedWhere stories live. Discover now