part..9(zawgyi)

339 4 0
                                    

    ညနေတရေးနိုးလာလို့
ကြည့်လိုက်တော့
မောင်ကပျို့ကိုဖက်ပြီးအိပ်နေတယ်....
၂ယောက်သားက နိုးရင်သာမတည့်တာ
အခုအိပ်နေတော့ ပုံစံတူနဲ့
ပါးစပ်ဟပြီး
တခါတလေနုတ်ခမ်းက
ပွစိပွစိလုပ်သေးတာ

"နိုးပြီလား....ခန့် ...."

"ဟုတ်...."

"အဲ့ဂျစ်တူး၂ယောက်က
မတည့်လို့သာပဲနော် ...
ပုံစံတူနဲ့ ...."

"မောင်က ငယ်ငယ်ကတည်းက
ညီမလေးလိုချင်တာလေ...
သူ့အမေဆုံးသွားတော့
ညီမလေးမရတဲ့အပြင်
သူ့အဖေက
နောက်အိမ်ထောင်ပြုသွားတယ်
မိထွေးနဲ့လည်း အဆင်မပြေဘူး ...
အဲ့တော့ ၁ယောက်တည်းလို
ဖြစ်နေတာ
ကျွန်တော်ညီတွေညီမတွေကိုဆို
အရမ်းချစ်တာ
လိုချင်တာ လိုက်လုပ်ပေးတာ
ဒါပေမယ့်ဟိုကလေးတွေက
သူ့စကားနားထောင်လွန်းတော့
ရန်မဖြစ်ရဘူးလေ...
သူမှာ အခုမှရန်ဖြစ်ဖော်ရတာ....."

"အင်း...
သူ့အဖေနဲ့မိထွေးက
ဘယ်မှာလဲ ...."

"ဒီနိုင်ငံမှာမဟုတ်ဘူး
နိုင်ငံခြားမှာ
သူကလည်းအရွဲတိုက်ပြီး
လိုက်မသွားဘူး ...
အဲ့တော့မိထွေးက
အကြိုက်တွေ့တာပေါ့
သူခြယ်လှယ်ချင်သလို
ခြယ်လှယ်နေတာ .....
မောင့်အဖေကတော့
မောင်ကိုချစ်ပါတယ် ...
ဒါပေမယ့်မိန်းမစကား
မလွန်ဆန်နိုင်ဘူးထင်တယ်...
ကျွန်တော်တို့မင်္ဂလာဆောင်တုန်းက
မလာဘူး .....
သူ့မိန်းမကသူ့ရှေ့ဘာမှမပြောပေမယ့်
ကွယ်ရာကျ မောင့်ကို
ငါကအခြောက်တွေကိုရွံတယ်
ငါတို့နဲ့ လာမပတ်သတ်နဲ့လို
ပြောသွားတာ ....
မောင်လည်းအဲ့ကတည်းက
သူ့အဖေကို မဆက်သွယ်တော့ဘူး..."

"တော်တော်ဆိုးတဲ့မိန်းမကြီး....
မပတ်သတ်တာကောင်းတယ်
နောက်ဆို ညီလေးတို့နောက်မှာ
အစ်ကိုရှိတယ် ....
ဘယ်သူပြောတာမှမခံနဲ့ ...."

"ဟုတ်ကဲ့ ......"
ကိုယ်တို့စကားပြောနေတုန်း
၂ယောက်သား အပျင်းကြောဆန့်ပြီး
နိုးလာတယ်....

"အား ....လက်ကျဉ်လိုက်တာ..."
ဆိုတော့ ခေါင်းအုံးအိပ်နေတဲ့
ဘေဘီက...မော့ကြည့်ပြီး
လက်ကိုသွားတို့တယ် ....

"မလုပ်နဲ့ဟ....
တကယ် ကျဉ်နေတာ...."
အဲ့တော့ ပြုံးပြီး
လက်မောင်းပေါ်ကခေါင်းကို
ဘယ်ညာရမ်းနေတယ် .....

ကျိန်စာသင့်ကျသူများ(က်ိန္စာသင့္က်သူမ်ား )completedWhere stories live. Discover now