part..4

1.6K 26 2
                                    

     နောက်တနေ့မနက်ကျ
ခရစ်စတယ်ကအိမ်ပြန်သွားတယ်...
ဟိုလူကြီး၂ယောက်က
မနက်စာတကယ်လာပို့ကျတယ်....
သူတို့ကိုသူတို့ ပျို့အစ်ကိုများ
မှတ်နေလားမသိဘူး....
အိမ်ထဲဝင်လာပြီး
မနက်စာတွေထည့်ပြီး
သူတို့ပါအတူစားပြီးပြန်သွားကျတယ်...
လက်မခံလည်းခပ်တည်တည်ပဲ
ဘယ်လိုလူတွေလည်းမသိဘူး
တော်တော်မျက်နှာပြောင်ကျတယ်...
ဒီနေ့တော့
ဆိုင်တွေလိုက်ကြည့်ရင်း
ဆိုင်အမှတ်၃က
မမမြတ်ကအမေက
နေမကောင်းဖြစ်နေလို့
ဆေးရုံတက်ရတယ်တဲ့
အဲ့တာနဲ့ သုံးချင်တာသုံးရအောင်
ပိုက်ဆံလွှဲပေးလိုက်ပြီး
ပျိုက မမမြတ်နေရာမှာ
ဝင်လုပ်ပေးရမယ် ....
ညနေအလုပ်နားမှ
ဆေးရုံသွားကြည့်တော့မယ်....
မမမြတ်တို့ ဆိုင်အမှတ်၃က
မြန်မာထမင်းဟင်းကို
အဓိကထားရောင်းတဲ့ဆိုင်...
ဒီဆိုင်ကျ မြို့ထဲမှာဆိုတော့
ရှားရှားပါးပါးကုက္ကိုလ်ပင်အကြီးကြီး
ကို သစ်လုံးတွေနဲ့ အလှဆင်ပြီး
သစ်လုံးအိမ်အကြီးကြီး၂ထပ်ဆောက်ထားတယ် ဝရံတာမှာထွက်စားလို့ရတဲ့နေရာနဲ့
ရှားပါးဂမုန်းတွေ
ကျားလက်ဝါးပင်တွေနဲ့
တခြားအလှနွယ်ပင်တွေရယ်
မာလကာပင် ဇီးပင်ကအစ
တခြားသစ်သီးပင်အစုံကို
အိုးတွေနဲ့ အလှစိုက်ထားတယ် ....
အဲ့တော့
မြို့ထဲက သစ်တောအုပ်ကလေးလို့
ဖြစ်နေတာပေါ့....
ကိုယ့်ဆိုင်တွေမှာက
အစားအသောက်နဲ့ဝန်ဆောင်မှုအတွက်
ဝန်ထမ်းအပြင်
အပင်တွေဂရုစိုက်ပေးဖို့ပါ
သီးသန့်ဝန်ထမ်း၁ယောက်ထပ်ခန့်ထားရတာ
အခုမမမြတ်ကကျ
စားသုံးသူတွေကို ဝန်ဆောင်မှုပေးရတဲ့
ဝန်ထမ်းဆိုတော့
စားသုံးသူတွေလာတာနဲ့ ၁ဝိုင်း၁ယောက်
သူတို့ လိုအပ်တာတွေလိုက်လုပ်ပေးရတာ ...
ပျို့ဆိုင်တွေက
တော်ရုံလူလာမစားနိုင်ကျဘူး
သီးသန့်ဘိုကင်ယူပြီး
အလုပ်အကြောင်းအေးဆေးဆွေးနွေးချင်တဲ့သူတွေပဲလာကျတာ ......
မမမြတ်ဝတ်တဲ့ဝန်ထမ်းဝတ်စုံဝတ်ပြီး
စားသုံးသူကိုစောင့်နေတုန်း
လူ၂ယောက်ဝင်လာတာနဲ့
ကောင်တာကကောင်မလေးတွေက
ထပြီး
"မင်္ဂလာပါရှင့်.....
ဘယ်ဝိုင်းကိုဘိုကင်ယူထားပါသလဲ...."

"VIP1ပါ...."

"မမမြတ်တာဝန်ယူတဲ့ဝိုင်းပဲ
မမလေး..."ဆိုတော့
ပျိုလည်းထသွားပြီးကြည့်လ်ိုက်တော့
ရန်သူတော်နှာဘူးအိုကြီး
မတတ်နိုင်ဘူး
တာဝန်ကျေအောင်တော့
လုပ်ပေးရမှာပေါ့....
"ဒီဘက်ကိုကြွပါရှင့်...."
ဆိုပြီးအပေါ်ထပ်က ဝရံတာပါတဲ့
သီးသန့်မှန်ခန်းလေထဲကို
ခေါ်သွားလိုက်တယ် ..
အဲ့အခန်းက အပေါ်ထပ်မှာမှန်အပြည့်နဲ့
အထဲမှာအပင်တွေစိုက်ထားတော့
ဖန်လုံအိမ်လေးလိုပဲ
ဘေးပတ်ဝန်ကျင်မှစိုက်ထားတဲ့
အပင်တွေနဲ့
ကုက္ကိုလ်ပင်ကြီးရဲ့နေပျောက်မထိုးတဲ့
အရိပ်အောက်မှာ အပင်ကြီးပေါ်တက်ပြီး
အစားစားရတဲ့ခံစားချက်မျိုးပေးတယ်....
အခန်းထဲဝင်လိုက်တာနဲ့
အေးချမ်းသွားတယ်.......
"ဘယ်လိုလဲ .....
ကိုမာန် သဘောကျလား ...
ကျွန်တော်တော့ ဒီနေရာလေးကို
သဘောကျလို့
ခဏခဏလာဖြစ်တယ်....."

ကျိန်စာသင့်ကျသူများ(က်ိန္စာသင့္က်သူမ်ား )completedWhere stories live. Discover now