ခေါင်းကိုက်မှုနဲ့ နိုးထလာတဲ့ တစ်နေ့တာမှာလည်း ဂျောင်ဟန့်အတွက်တော့ အိပ်ရာထဲတွင် အီးလေးဆွဲပြီး နေလို့ရမနေပေ။
Company ကို သွရမှာဖြစ်တာကြောင့် ရေချိုးပြင်ဆင်ရမည်ဖြစ်သည်။
မနက်စာကိုတော့ အရင်ထဲက အကျင့်နဲ့မို့ ကောင်းကောင်းစားတတ်သည်။
ဖြစ်သလိုစားတာမျိုးကို တစ်စုံတစ်ယောက်က မကြိုက်ခဲ့ဘူး။ဂျောင်ဟန် သက်ပြင်းချမိသည်။ မတွေးဘူးဟု ထပ်ကာထပ်ကာ သတိထားနေတဲ့ ကြားက တွေးမိနေတာဟာ ဘယ်လိုမှ အဆင်ပြေမနေပါ။
မနက်စာစားပြီးတော့ သူ company ကိုထွက်လာလိုက်သည်။
သူအလုပ်နေရာကိုပဲရောက်တော့ ဝင်လာတဲ့ message ကိုကြည့်ရင်း မနေ့ညက ဝန်းဝူပြောတာကိုပါ တစ်ဆက်ထဲ သတိရသွားတော့သည်။
"အပြင်သွားစရာရှိတာမို့ ဒီနေ့ company လာဖြစ်လောက်မှာ မဟုတ်ဘူး၊ မင်းပဲ ကြည့်စီစဉ်ထားလိုက် ဂျောင်ဟန်"
"အင်း ငါအဆင်ပြေအောင် စီစဉ်ထားလိုက်ပါမယ်"
ဂျောင်ဟန်စာပြန်ပြီးတော့ ဖုန်းကိုပိတ်ထားလိုက်သည်။
သူ့ဘက်က ဖုန်းကိုပိတ်ထားပေမဲ့ ဝင်လာမဲ့စာကိုတော့ တိတ်တဆိတ်မျှော်နေခဲ့မိသည်။
သို့သော် ဖုန်းစခရင်ကတော့ လင်းမလာခဲ့ပါ။"မားမားတို့သွားရအောင် ဆွန်းချောလ်"
"ဟုတ်"
ချွဲမားမားနဲ့အတူ ဆွန်းချောလ် စံအိမ်တစ်ခုကို မောင်းလာခဲ့လိုက်သည်။
နဂိုထဲက ခပ်တည်တည်မျက်နှာပဲ မို့ မားမားက"ဆွန်းချောလ်ရား ဟိုဆီရောက်ရင် ခုလိုမျက်နှာထားမျိုး လုပ်လို့မရဘူးနော် ၊ သွားတွေ့တာ ဘာအတွက်လည်းဆိုတာ သိတယ်မလား"
"သားသိပါတယ် မားရာ၊ သားဟိုရောက်ရင် အတတ်နိုင်ဆုံး ပြုံးပါ့မယ်"
"ဒါမှ မားရဲ့ သားလေးက တော်တာပေါ့"
ထိုနောက် ချွဲမားမားတို့ လိုရာခရီးကို ရောက်လာခဲ့ကြသည်။
သူတို့လာတော့ အိမ်ရှင်တွေ ဖြစ်ပုံရတဲ့သူတွေက ထွက်ကာကြိုသည်။
ချွဲမားမားသည် ရယ်ရယ်မောမောနှင့်ပဲ ပြောကာ အိမ်ထဲ ဝင်သွားတော့သည်။
