"အန်တီ ကိုကိုရှိလားဟင်"
"ယူမီလေးပါလား!! ကိုကိုရှိတယ်လေ လာ သမီးလေး၊ ကိုကို company သွားဖို့ ဆင်းမလာသေးဘူး။"
ချွဲမားမားရဲ့ ချွေးမဖြစ်လာမဲ့သူက တကယ်ကံကောင်းမှာပါဆို။
မားက အမြဲတမ်း အပြုံးချိုချိုနဲ့ ထွေးပွေ့ကြိုဆိုတတ်တာ။မားနဲ့ ယူမီ ဧည့်ခန်းထဲ ထိုင်နေတုန်း ဆွန်းချောလ်က အောက်ကို ဆင်းလာတော့သည်။
"မားမား သား company သွားတော့မယ်"
"သား ၊ယူမီလေးရောက်နေတယ်"
"ကိုကို"
"ယူမီလေးက ဒီနေ့ သားနဲ့အတူ အပြင်သွားချင်လို့တဲ့၊ သားအားလား"
"အားပါတယ်၊ သား ယူမီကို ခေါ်သွားလိုက်မယ် မား၊ လာ ယူမီ ကိုယ်တို့သွားရအောင်။"
ထိုအခါ အမျိုးသမီးငယ်လေးက ဆွန်းချောလ်ရဲ့နောက်ကနေ ဖြည်းဖြည်းချင်းလိုက်လို့သွားသည်။
ကားပေါ်တွင် တိတ်ဆိတ်နေပြီး
"ကိုယ် company ကို ခနဝင်လို့ဖြစ်တယ်မလား"
ဆွန်းချောလ်ရဲ့ အမေးစကားက ထွက်လာခဲ့သည်။
"ဖြစ်ပါတယ် ကိုကို"
Company မြေအောက်ခန်းက ပါကင်တွင် ကားရပ်လို့ ဆွန်းချောလ်တို့ company အပေါ်ထပ်ကို တက်ခဲ့ကြသည်။
Elevator ထဲမှာ မထင်မှတ်ပဲ ဆွန်းချောလ်ရယ်၊ သူမရယ်၊ ဂျောင်ဟန်ရယ် သုံးယောက်သား လာဆုံကြသည်။
ထိုလေထုထဲတွင် အနေခက်မှုတွေက တစ်သီတစ်သန်းကြီးပါဝင်နေသည်။
ဂျောင်ဟန် ရှေ့က အမျိုးသမီးငယ်ကို ကြည့်မိတော့ သူတို့ အထက်တန်းပထမနှစ်တုန်းက ဆွန်းချောလ်နဲ့အတူ တွဲတွေ့ဖူးတဲ့သူပင်။
ဒါဆို သူမက ဂျန်းယူမီပေါ့။
ဆွန်းချောလ်နဲ့ လက်ထပ်မဲ့သူ။လက်ထပ်မှာကို သိပေမဲ့ ဒီလောက်ထိ ခပ်မြန်မြန်ကြီးတော့ ထင်မထားခဲ့ပါဘူး။
တွဲသွားတွဲလာ company ထိ အတူလာကြတဲ့အထိ အားလုံးကို အသိပေးတော့မှာလား။
ဒါပေမဲ့လည်း ဆွန်းချောလ်က အရင်ထဲက သူနဲ့တုန်းကလည်း ခုလိုပါပဲ။
အသိပေးပြီး တွဲတာ။
ဆွန်းချောလ်ရဲ့ အကျင့်ပဲဟာ။
