"အချိန်ဇယားတွေကို ဒီတစ်ရက်နှစ်ရက်အတွက် ဖယ်ပေးလို့ရလား ဂျောင်ဟန်"
"အားလုံးက အရေးကြီးတာတွေမို့ မင်းကိုယ်တိုင်သွားမှ ရမှာတွေ အားလုံးတော့မဟုတ်ပေမဲ့ တစ်ချို့တစ်ဝက်အတွက်တော့ဖယ်လို့ရမယ်ထင်တယ်"
"ဖယ်လို့ရတာတွေကို ဖယ်ပြီး၊ အဆင်ပြေအောင် တစ်ချက် လုပ်ပေးပါအုံး"
"အင်း လုပ်ထားလိုက်မယ်...ဘာလို့..."
ဂျောင်ဟန်မေးဖို့ လုပ်ပြီးတော့မှ စကားကိုရပ်ပြစ်လိုက်ရသည်။
သူ့အတွက် ဒီလိုမေးဖို့ အခြေနေမှ မဟုတ်တော့တာ။
မေးပိုင်ခွင့်လည်းမရှိတော့ပါဘူး။ဆွန်းချောလ်လည်း ဂျောင်ဟန့်စကားမဆုံးခင်မှာပဲ အရေးတကြီးနဲ့ထသွားတော့သည်။
.................
💙
"စာလိုက်ကြည့်မယ် ယွန်းဂျောင်ဟန်၊ ချွဲဆွန်းချောလ် ဆော့မနေကြနဲ့"ဂျောင်ဟန့်ရဲ့ ပုခုံးကို ဆွန်းချောလ်က ကိုက်လိုက်တာမို့ ဂျောင်ဟန်က အတော်လေးတော့နာသွားသည်။
အမြဲဘာအကျင့်မှန်းမသိဘူး။ ပုခုံးကိုပဲလိုက်လိုက်ကိုက်နေတာ။
ဂျောင်ဟန် ဒုတိယတစ်ခေါက်အကိုက်ခံလိုက်ရတာမို့ ဘောပင်နဲ့ဆွန်းချောလ်ရဲ့ခေါင်းကို တောက်ခနဲနေအောင်ခေါက်လိုက်တော့သည်။
ဒါကိုတတိယတစ်ခေါက်ထပ်ကိုက်ဖို့ လုပ်နေတာကြောင့် ဂျောင်ဟန်မျက်စောင်းထိုးကာ ကြည့်လိုက်သည်။
ဆွန်းချောလ်ကြောင့်မို့ ရှေ့ကစာသင်နေတဲ့ ဆရာမကလှမ်းကာငေါက်တော့သည်။
ဆရာမရဲ့ဆူသံကြောင့် ခနငြိမ်သွားပေမဲ့
ခုံအောက်ကနေ လက်ကို လက်ကိုင်နေတော့သည်။လှုပ်စိလှုပ်စိထပ်လုပ်နေရင် ဆရာမက ထပ်ဆူတော့မှာမို့ ဂျောင်ဟန် ငြိမ်ပြီးတော့ လက်အကိုင်ခံလိုက်ရသည်။
သူတို့နှစ်ယောက် စာသင်ပြီးတဲ့အချိန်ထိ လက်မှာချွေးတွေထွက်လာသည်အထိမလွှတ်ပဲ ဆုပ်ကိုင်ထားခဲ့ကြသည်။
အကြောင်းပြချက်ရယ်လို့တော့ မရှိခဲ့ကြပါဘူး။
ဒီတိုင်း ဆုပ်ကိုင်ထားတဲ့လက်လေးက ရင်ထဲထိနွေးနေသလိုခံစားခဲ့ရသည်။
![](https://img.wattpad.com/cover/375757992-288-k843151.jpg)