မား"
"ဂျောင်ဟန်လေး မတွေ့တာကြာပြီနော်"
"ဟုတ်၊ ဆွန်းချောလ်ဆီ လာတာလား၊ သူအပြင်အရေးကြီးသွားတယ်"
"အင်း သားသားဆီလာတာ၊ မရှိတော့လည်း ဂျောင်ဟန်လေးနဲ့ စကားပြောပြီး ပြန်လို့ ဖြစ်တယ်မလား"
အခုထိ နွေးထွေးနေတုန်းပဲ။အခုထိ သားအရင်းလေးလို ဆက်ဆံပေးနေတုန်းပဲ။
တစ်ခါတစ်လေကျရင် ပြန်ပြီး အရင်ချိန်တွေကို မလိုအပ်ပဲ ခနခန သတိရလာနေတယ်။
"မား ဒီအတောတွင်း နေကောင်းပါတယ်နော်"
"နေကောင်းပါတယ်၊ မားနေကောင်းတယ်၊ ဂျောင်ဟန်လေးရော၊ သူငယ်ချင်းရော နေကောင်းရဲ့လား၊ တကယ် မတွေ့တာ ကြာနေပြီ"
မတွေးဖြစ်တာက သားသားနဲ့ ဂျောင်ဟန်လေးလမ်းခွဲတည်းကဆို အတော်ကြာခဲ့ပြီ။
နောက်ဆုံးဆို အိမ်က ပါးပါးရဲ့ ဈာပနတုန်းကပဲ ဖြစ်မယ်ထင်တယ်။သူငယ်ချင်းအပေါ်လည်း ရင်မဆိုင်ရဲပြန်ဘူး။
အဖိုးတန်သားလေးကို အိမ်ကသားသားက အမှားလုပ်ခဲ့တာမလား။"အိုမားရော ၊ အာပါးရော နေကောင်းကြပါတယ်"
ထိုအခါ မားကပြုံပြတယ်။ ပြောစရာစကားတွေရှာမရတော့အခါ လူတွေက အပြုံးတစ်ခုနဲ့ တုန့်ပြန်ကြသတဲ့။ မားလည်း သူ့အပေါ် ပြောစရာ မရှိတော့ဘူး ထင်ပါရဲ့။
မကြာပါဘူး ဆွန်းချောလ်က အပြင်ကနေ ပြန်ရောက်လာတော့၊ မားနဲ့ သူနဲ့ စကားပြောနေတာကို အံ့ဩသွားပုံရသည်။
"မား ရောက်နေတာ ကြာပြီလား"
"မကြာသေးဘူး သားသား"
"သားသား အပြင်ကို အလုပ်ကိစ္စသွားတာလား"
"မဟုတ်ဘူးမား၊ ယူမီ မူးပြီးသောင်းကျန်းနေတယ်ဆိုပြီး ဖုန်းဆက်လို့"
ပြဿနာတွေရဲ့ အစက ဂျောင်ဟန်နဲ့ သူနဲ့ တွဲခဲ့တာကို သိတာကနေ စတာပဲ ဖြစ်လိမ့်မည်။
ဆွန်းချောလ်ဆီမှာ ခုထိ ဂျောင်ဟန်နဲ့ ဆင်တူ လက်စွပ်ရှိသေးသည်။
ရှိနေတာထက် သိမ်းထားတာဆို ပိုမှန်ပါမည်။
ဒါကို ယူမီက သူ့အခန်းကို ဝင်လာရင်း တွေ့ပြီး ရစ်နေတာ ဖြစ်သည်။
![](https://img.wattpad.com/cover/375757992-288-k843151.jpg)