Hold Me Closer 4

266 34 3
                                    

💙
"သားသား ဂျောင်ဟန်လေးနဲ့ လက်ထပ်ဖို့ထိတွေးထားလား"

"တွေးထားတယ်လေ မားရဲ့၊ သား ဟန်နီးကိုလက်ထပ်မှာ"

"မားလည်း သားတို့ကို လက်ထပ်စေချင်တယ်၊ ဒီတိုင်းစိတ်ကစားတာမျိုး မဟုတ်ပဲ၊ အတည်တစ်ကျလေး ဖြစ်စေချင်တာ"

မနေ့တစ်နေ့ကပဲ မားမားဆီကိုပြောခဲ့တဲ့ စကားတွေက ပါးပါးရဲ့ ဆေးရုံကုတင်ထက်လဲနေတဲ့ ပုံရိပ်ကြောင့် ဆုံးဖြတ်ချက်တွေ ယိုယွင်းလာရသည်။

ပါးက ခွဲစိတ်မှု အောင်နိုင်ခြေ 50/50တဲ့။

ပါးရဲ့ အခြေအနေကစိတ်ပူရသလို၊ ပါးရဲ့ လုပ်ငန်းတွေကလည်း ပြစ်ထားလို့ မရပြန်ဘူး။

နောက်ဆုံးတော့ တစ်ဦးတည်းသားဖြစ်တဲ့ ဆွန်းချောလ်ခေါင်းပေါ်ကိုသာ ရောက်လာခဲ့တော့သည်။

"မား ပြန်နားလိုက်ပါ၊သားပဲ ဆက်စောင့်လိုက်မယ်"

"မပြန်တော့ပါဘူး သားသားရယ်၊ သားသားပဲ ပြန်နားလိုက် ကျောင်းရော company ရော ဆေးရုံထိပါ မနားပဲ စောင့်နေရင် သားသား လဲသွားလိမ့်မယ်"

နှစ်ယောက်လုံးက ပါးကို စိတ်မချတာကြောင့် မျက်တောင် တစ်ချက်ခတ်ဖို့ရာပါ ခဲယဉ်းခဲ့ကြသည်။

နောက်တော့လည်း ဆွန်းချောလ်ကပဲ အိမ်ကိုပြန်လာပြီး ခန အနားယူဖြစ်ခဲ့သည်။

ဆွန်းချောလ်အိပ်ပျော်ပြီး တစ်နာရီပင် မကြာခင်မှာ ရှယ်ယာဝင် အစည်းအဝေးဆိုပြီး ဖုန်းဝင်လာတာကြောင့် company ကို ထပြေးရပြန်သည်။

ဆွန်းချောလ်အတွက် ထန်းပိုးထားရတာတွေ အရမ်းများနေခဲ့ပြီ။
သူ‌စိတ်ရော လူရော ပင်ပန်းနေခဲ့ပြီ။



"အကြောင်းပြချက်က ဘာလဲလို့"

"အကြောင်းပြချက်မရှိဘူး"

"ဆွန်းချောလ်ရား မင်းဘာဖြစ်နေလဲ ပြောပြရင် ငါတို့အတူ ကျော်ဖြတ်လို့ရမှာလေ၊ ဖုံးကွယ်မထားပဲနေရအောင်ပါ"

"အဲ့လိုမျိုးတွေမရှိဘူး၊ ဒီတိုင်းပင်ပန်းလာလို့"

ဒီတိုင်းပင်ပန်းလာလို့တဲ့ မဟုတ်တာကိုသိတယ်၊ လိမ်ညာနေတာကိုသိတယ် ဒါပေမဲ့လေ နှလုံးသားက ထိုစကားသံတွေကို ခံနိုင်ရည် မရှိဘူး။

Hold Me Closer Where stories live. Discover now