Part 12

122 22 0
                                    

မင်္ဂလာဆောင်သောနေ့တွင် ခင်ပွန်းဘက်က အမျိုးများက ဇနီးဖြစ်သူကို သူတို့၏မိသားစု၀င်အဖြစ် သတ်မှတ်ကြောင်း ပြသည့်အနေနှင့် အနီရောင်စာအိတ်တစ်အိတ်ကို ပေးရသည့် ဓလေ့တစ်ခု ဒီရွာမှာ ရှိသည်။

 အနီရောင် မင်္ဂလာဆောင်၀တ်စုံကို၀တ်ထားပြီး လေးလံသော ဇာမဏီငှက်ပုံ သရဖူကိုဆောင်းထားရသည့် သတို့သမီးဟာ အနီရောင်ကြေးဇလုံရှေ့မှာ ဒူးထောက်ရသည်။

အရင်ဆုံးသတို့သား၏ အဖေက ကြေးဇလုံထဲကိုအနီရောင်စာအိတ်ထည့်ပေးခဲ့သည်။

သတို့သမီးကချက်ချင်း ကန်တော့လိုက်သည်။

ပွဲစီစဉ်သူကလည်း ပြုံးပြီးပြောလိုက်သည်။

"သတို့သမီးကဘယ်လိုဒူးထောက်ကန်တော့ရလဲဆိုတာ ကောင်းကောင်းသိသားပဲ။ ငါကြားဖူးတာရှိတယ်... မင်းဒူးထောက်တဲ့အချိန် အသံကျယ်လေလေ...မင်းရဲ့နှလုံးသားက ပိုပြီးနက်ရှိုင်းလေလေဖြစ်ပြီး မင်းက မင်းခင်ပွန်းရဲ့မိသားစုနဲ့ ပိုပိုပြီး ရင်းနှီးလာလိမ့်မယ်တဲ့"

ထိုစကားကြောင့် သတို့သမီးမှာ ခဏလောက် ကြောင်သွားမိသည်။ ပြီးတော့ သူမကသတို့သား၏အဖေကို နောက်တစ်ခေါက် ကန်တော့လိုက်သည်။

သတို့သားရဲ့အဖေက ပြုံးပြီးပြောလိုက်သည်။

"ရပါပြီ"

အစထဲက စိတ်လှုပ်ရှားနေခဲ့သော သတို့သမီးဟာ ပြန်တည်ငြိမ်တဲ့ပုံစံမျိုးပြုံးပြီးတော့ သတို့သားအဖေကို "အဖေ..'လို့ခေါ်လိုက်သည်။

သတို့သားရဲ့အဖေကတော့ ဘာမှမပြောဘဲပြုံးနေခဲ့သည်။

နောက်တစ်ယောက်ကတော့ သတို့သား၏အမေဖြစ်ပြီး သူမလည်းအနီရောင်စာအိတ်ကိုပေးလိုက်သည်။ ယောက္ခထီးကို ကန်တော့ပြီးနောက် ယောက္ခမကိုလည်း ခုနကလိုမျိုးပဲ အသံမြည်အောင် ဒူးထောက်ကန်တော့လိုက်သည်။

တကယ်တော့ ခေါင်းကို ပထမတစ်ကြိမ်ထုမိပြီးတဲ့နောက်.ဒုတိယတစ်ခေါက်ကလည်းမသက်သာခဲ့ပါပေ။ ဒီနေ့ဟာ သတို့သမီးအတွက် ခင်ပွန်းအိမ်ကို ပထမဆုံးလာတဲ့ရက်ဖြစ်ပြီး သူမအနေဖြင့် အမျိုးတွေကို မှတ်မိဖို့လိုသည်။ သူမပေါ့ပေါ့တန်တန်ဆက်ဆံမိလျှင် သူတို့အပြစ်ပြောမှာကိုလည်း ကြောက်နေခဲ့သည်။

"ဘုန်း...ဘုန်း....ဘုန်း..."

သတို့သားရဲ့ အမျိုးတွေအများကြီးက တစ်ယောက်ပြီးတစ်ယောက် တန်းစီနေခဲ့ကြသည်။ သတို့သမီးရဲ့ နဖူးကအနည်းငယ် ပြာနှမ်းနေပြီး ကန်တော့တာကလဲ အနည်းငယ် အားစိုက်နေသလို ဖြစ်နေခဲ့သည်။

အမျိုးတွေဟာ တစ်ယောက်ပြီးတစ်ယောက် အနီရောင်စာအိတ်ကို ပေးခဲ့ကြပြီး သတို့သမီးကလည်း ဆက်ပြီးထိုင်ကန်တော့ခဲ့သည်။

သူမ ထလာချိန်တွင် လူကြီးတစ်ယောက် မပြန်သေးဘူးဆိုတာ တွေ့လိုက်သည်။

 ခပ်၀၀ဖြစ်ပြီး ပါးတွေကလည်းနီနေသည့် လူလတ်ပိုင်းယောကျ်ားတစ်ယောက်ဟာ အနီရောင်စာအိတ်ကို ကြေးဇလုံထဲမှာ အလှူငွေထည့်သလိုထည့်ပြီး သတို့သမီးကို ငုံ့ကြည့်ပြီးပြောလိုက်သည်။

"ကန်တော့"

ငါးဆားနယ်ဇွန်ဘီWhere stories live. Discover now