အပိုင်း ၂၃

74 18 0
                                    

ချန်ထျန်း မီးတုတ်ကို နောက်သို့ ဆုတ်လိုက်သည်။

ကြောက်ရွံ့၊ထိတ်လန့်သွားသည်ကြောင့် မဟုတ်ဘဲ သူ့အရေပြားပေါ်မှ ချွဲကျိကျိ အဆီများကြောင့် ဖြစ်သည်။

မည်သို့ပင်ဆိုစေ ဤနေရာကို ကျော်ဖြတ်ရမည်မှန်း သူ့စိတ်ထဲတွင် သိနေပြီးသားဖြစ်သည်။

ချန်ထျန်း အံကြိတ်ရင်း အထဲသို့ တွားသွားလျက် ဝင်သွားလိုက်သည်။

ထိုတစ္ဆေများသည် မီးကို ကြောက်ဟန်တူသည်။ မီးတုတ် နီးကပ်သွားသည့်အခါတိုင်း တစ္ဆေလက်များက နောက်ပြန်ဆုတ်သွားပြီး အသံတိတ်ငိုကြတော့သည်။

တစ်ချိန်တည်းတွင်ပင် ၎င်းတို့သည် မီးကို အလွန်မုန်းတီးနေပုံရသည်။ မီးတုတ် ဝေးသွားလျှင် တစ္ဆေမျက်နှာများသည် ဒေါသမာန်ဟုန်များ​ ပြင်းထန်လာကြပြီး ဘေးပတ်ပတ်လည်ရှိ တစ္ဆေလက်များက သူ့ကို ထိမိတော့မတတ် ဆန့်ထွက်လာကြသည်။

ချန်ထျန်းသည် စေးကပ်ကပ် သင်္ဂြိုလ်စက်နံရံပေါ်တွင် တံတောင်များကို ထောက်ထားကာ သတိကြီးစွာဖြင့် အရှေ့သို့ ခက်ခက်ခဲခဲ တွားသွားလိုက်သည်။

နဥ်စုသည် သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်လာပြီး သင်္ဂြိုလ်စက်နံရံအတွင်းမှ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် ဓာတ်မီးကိုင်ထားလိုက်သည်။

ချန်ချင်းမှာမူ သင်္ဂြိုလ်စက်နံရံကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ အန်ထွက်တော့မတတ် ဖြစ်သွားခဲ့သည်။

အော့အန်ချင်စိတ်ကို ထိန်းချုပ်ရင်း သူမကိုယ်သူမ ပိုးဖဲပုဝါဖြင့် အလျင်အမြန်ကာလိုက်ပြီး နဥ်စုကိုလည်း ပုဝါခြုံပေးရန် ပြင်လိုက်သည်။ သို့သော် နဥ်စုကမူ သဂြိုလ်စက်နံရံအား နံရံဆေးရေး ပန်းချီကားတစ်ချပ်ကို ကြည့်နေရသကဲ့သို့ စိတ်ဝင်တစားကြည့်နေလေသည်။

ချန်ချင်း : "?"

နဉ်စုသည် ချန်ချင်း၏ အပြုအမူကို သတိထားမိသွားကာ ပြောလာခဲ့သည်။

"ငါမလိုဘူး။ လီရင်းကိုပဲ ပေးလိုက်။"

ထိုအခိုက် ချန်ထျန်းလည်း လီရင်းကို သတိပေးလိုက်သည်။

ငါးဆားနယ်ဇွန်ဘီWhere stories live. Discover now