အပိုင်း ၆.၂

150 29 0
                                    

ချန်ချင်းက "စိတ်ထဲ မထားနဲ့။ အဲ့ဒီလူ၂ယောက်က သူတို့ကိုယ်သူတို့ ရင်းဟွာကလပ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သွားသလိုမျိုး ဟန်ဆောင်နေတာ"

ကျူးရွှမ်းရွှမ်း - "ရင်းဟွာကလပ်? ဂိမ်းထဲမှာ ဒုတိယအဆင့်ရှိတဲ့ ရင်းဟွာကလပ်လား?"

ဂိမ်းခန်းမထဲ သူတို့ ဝင်လာစဥ်က ကလပ်၏ အဆင့်များကို ဘေးတစ်ဖက်တစ်ချက်တွင် လွှင့်မျောနေသော အလင်းဖန်သားပြင်များ၌ သူတို့ တွေ့ခဲ့ရသည်။

ချန်ချင်းက ခေါင်းငြိမ့်ကာ "ရင်းဟွာကလပ်က ထိပ်ဆုံးကလပ် ၃ခုထဲက တစ်ခုပဲ။ သူတို့က ဂိမ်းပေါင်းများစွာကို ထိပ်ဆုံးနေရာကို ယူနိုင်ခဲ့တယ်။ သူတို့ကလပ်မှာ ကြီးမားတဲ့ ဖွဲ့စည်းမှုနဲ့ ကျွမ်းကျင်သူတွေ အများကြီးကိုလည်း အဖွဲ့ဝင်အဖြစ် ခေါ်ထားနိုင်တယ်။ ဂိမ်းအခြေစိုက်စခန်းတစ်ခုလုံးမှာ အချမ်းသာဆုံးကလပ်လည်း ဖြစ်တယ်"
"သူတို့ ၅ယောက်ထဲက အနက်ရောင်နဲ့လူက ရင်းဟွာကလပ်က နာမည်ကြီးကစားသမားတစ်ယောက်ပဲ။ သူ့လက်နက် ဝိညာဥ်သော့ကြိုးက ငရဲအဆင့်လောက် ခက်ခဲတဲ့ Dungeonတစ်ခုထဲမှာ ရခဲ့တာ"

"ဝိညာဉ်သော့ကြိုးက လူတွေရဲ့ လည်ပင်းကို မထင်မှတ်ထားချိန်မှာ သော့ခတ်လိုက်နိုင်တယ်။ အန္တရာယ်များတယ်ဆိုပေမဲ့လည်း ဒါက ကြောက်စရာကောင်းတဲ့ လက်နက်တစ်ခုဖြစ်စေဖို့ တစ်ခြားအကြောင်းအရင်းတစ်ခုလည်း ရှိသေးတယ်။ ဒီ ဝိညာဥ်သော့ကြိုးကသာ လူတစ်ယောက်ရဲ့ လည်ပင်းကို ၅စက္ကန့်လောက် သော့ခတ်ခဲ့ရင် သူတို့ရဲ့ ဝိညာဥ်တွေက သော့ပိတ်ခံလိုက်ရပြီး ခန္ဓာကိုယ်ထဲက ဆွဲထုတ်ခံလိုက်ရလိမ့်မယ်"

"ဒါက သဘာဝလွန်dungeonတွေထဲမှာဆိုရင် ကြောက်စရာကောင်းတဲ့ လက်နက်တစ်ခုပဲ" ချန်ထျန်းက ပြောသည်။

"ငါထင်တာတော့ ဒီအသစ်ဖွဲ့စည်းထားတဲ့ သဘာဝလွန်dungeonကို ရင်းဟွာအဖွဲ့က သူ့ကို အရင်ဆုံး လေ့လာခိုင်းတယ်ဆိုတာကလည်း သူ့ရဲ့ လက်နက်ကြောင့်ပဲ ဖြစ်ရမယ်"

စုရှန်းရှန် နှင့်ကျူးရွှမ်းရွှမ်းတို့သည် ထိုသတင်းကို ကြားရသောအခါ ထိတ်လန့်တုန်လှုပ်ကာ စိတ်လေးသွားကြသည်။

ဤဂိမ်းနှင့် တကယ့်‌လက်တွေ့ကမ္ဘာသည် ကမ္ဘာတစ်ခုထဲတွင် မဟုတ်ကြောင်းပါ ထပ်၍ ခံစားလိုက်ရသည်။

အထူးသဖြင့် ကျူးရွှမ်းရွှမ်းသည် ကြောက်မက်ဖွယ် ဇာတ်ညွှန်းများစွာ ရေးခဲ့ဖူးသော်လည်း သူမသည် ငယ်စဉ်ကတည်းကပင် သိပ္ပံနည်းကျသော ပတ်ဝန်းကျင်တွင်သာ နေထိုင်ခဲ့ရသူ ဖြစ်သည်။ အကယ်၍ လက်တွေ့ကမ္ဘာတွင်ဆိုလျှင် ဝိညာဉ်သော့ကြိုးနှင့်ပတ်သက်၍ ရှင်းပြချက်များအား သူမ လုံးဝယုံနိုင်စရာ အကြောင်း မရှိသော်လည်း ဤသို့ အရာတစ်ခုသည် ယခုဂိမ်းထဲတွင်တော့ အမှန်တကယ်တည်ရှိနေသည်။

ဤသည်မှာ သာမန်လူများ လွယ်လွယ်နှင့် ယုံနိုင်သော အရာမျိုး မဟုတ်ပေ။

သူတို့သည် ဝတ်ရုံအနက် ဝတ်ဆင်ထားသော လူကို ခြံရံကာ လျှောက်သွားသော ဝေးသထက် ဝေးသွားသည့် လူအုပ်ကြီးအား တိတ်တဆိတ် ကြည့်လိုက်သည်။

လူဝကြီးက ခေါင်းညိတ်ပြီး ဝတ်ရုံအနက်နှင့် လူ၏ရှေ့တွင် ဦးညွှတ်လိုက်သည်။ သူတို့ ရွာတံခါးသို့ရောက်သောအခါ ခွေးနက်ကြီးတစ်ကောင်သည် လမ်းလယ်ခေါင်တွင် တည်ရှိနေသည်။လူဝကြီးသည် ရှေ့သို့ ထွက်လိုက်ကာ ဝတ်ရုံအနက်နှင့် လူအတွက် ခွေးနက်ကြီးကို ဘေးသို့ ကန်ထုတ်လိုက်သည်။

ကန်ထုတ်ပြီးနောက် မထင်မှတ်ထားစွာပဲ ခွေးနက်ကြီးက ရှေ့သို့ ပြေးလာပြီး လူဝကြီး၏ ခြေထောက်ကို ကိုက်လိုက်သည်။ ဘေးလူများ၏ အကူအညီကြောင့်သာ လူဝကြီး၏ ခြေထောက်မှာ လွတ်မြောက်ခဲ့လေသည်။

ကျူးရွှမ်းရွှမ်းက အသံတိုးတိုးလေးဖြင့် ရယ်ကာ ရုတ်တရက် သူမ၏ စိတ်မှာ ပေါ့ပါသွားပြီး မောင်နှမ၂ယောက်အား ပြောလိုက်သည်။

"သတင်းအချက်အလက်တွေအတွက် ကျေးဇူးတင်ပါတယ်"

"ကျွန်တော်တို့ နောက်ကျရင် သဲလွန်စတွေကို ဖလှယ်ကြမလား?"

ဒါက ‌ပူးပေါင်းဖို့ ဖိတ်ကြားချက် တစ်ခုဖြစ်သည်။ သူတို့သုံးယောက်မှာလည်း သေချာပေါက်ပင် ငြင်းဆိုမည် မဟုတ်ပေ။

သူတို့နှစ်ဦး ထွက်သွားပြီးနောက် ကျူးရွှမ်းရွှမ်းနှင့် စုရှန်းရှန်သည် နဥ်စုမှာ ခေါင်းအနည်းငယ်စိုက်နေပြီး သူ့မျက်နှာမှာလည်း ဖြူဖျော့နေသည်ကို တွေ့လိုက်ရသည်။

ကျူးရွှမ်းရွှမ်းသည် သူ့အား ဝိညာဉ်သော့ကြိုး ဖြင့် အချည်ခံရထားမည်အား စိုးရိမ်သွားကာ အသံတိုးတိုးလေးဖြင့် မေးလိုက်သည်။

"ဘာဖြစ်နေတာလဲ"

နဥ်စုက ဖြေသည်။ "ငါ တအားပင်ပန်းနေပြီ။ ငါတို့ ဒီလိုချမ်းသာတဲ့ရွာမျိုးကို ရောက်နေမှတော့ မင်းတို့ တစ်ခုခုမစားချင်ကြဘူးလား"

"....."

"နဥ်စု နင် စားဖို့အတွက် ဒီDungeonထဲ ဝင်လာတာလား"

ကျူးရွှမ်းရွှမ်းမှာ ကူရာမဲ့သလို ခံစားလိုက်ရ၏။

"ဒါဆိုလည်း ရွာထဲ ဝင်ကြတာပေါ့"

"အိုး ကောင်းတာပေါ့"

ငါးဆားနယ်ဇွန်ဘီWhere stories live. Discover now