အပိုင်း ၃

196 34 2
                                    

ဘတ်စ်ပေါ်တွင် တိတ်ဆိတ်မှုသည် ထပ်မံ ကြီးစိုးသွားပြန်သည်။

အပြင်ဘက်တွင် လေတိုက်ခတ်နေဟန်ရပြီး သစ်ကိုင်းများသည် လေပြင်းကြောင့် လမ်းဘေးနှစ်ဖက်လုံးတွင် လှုပ်ရှားရိုက်ခတ်နေသည်။

လေသည် ပြင်းထန်ဟန်ရသည်။ မဟုတ်လျှင် ထိုမျှတုတ်ခိုင်သည့် သစ်ကိုင်းများကို လှုပ်ရှားနေစေရန် မဖြစ်နိုင်ပေ။

ဘတ်စ်ပေါ်တွင် တိတ်ဆိတ်မှု ကြီးစိုးနေခြင်းမှာ တစ်ကမ္ဘာလုံး တိတ်ဆိတ်သွားသယောင်ပင်။

လမ်းပေါ်တွင် ပုံမှန်အားဖြင့် မောင်းနှင်နေသည့် ဘတ်စ်ကားသံကိုပင် မကြားရချေ။ ဘတ်စ်ကားသည် မောင်းနှင်ရန်အတွက် စွမ်းအင် မလိုအပ်သကဲ့သို့ပင်။ အသံမရှိသော ကမ္ဘာကြီးတွင် ‌ဖြည်းညှင်းစွာ မောင်းနှင်နေသလို ခံစားရသည်။ 

သူတို့ကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားနေသည်ကိုလည်း သူတို့မသိပေ။

သရုပ်ဆောင်သည် နဥ်စုအား ကြည့်ပြီး ပြောသည်။

"မင်းလိမ်နေတာ။ အကယ်၍ မင်းသာ အလောင်းတွေ အများကြီးကို တွေ့ခဲ့တယ်ဆိုရင် ဘယ်လိုဖြစ်လို့ အံ့သြတာနဲ့ ကြောက်လန့်တာတွေတောင် မဖြစ်ပဲ တည်ငြိမ်နေနိုင်မှာလဲ"

နဥ်စု : " ငါ့မှာ မျက်နှာ အကြောသေနေတဲ့ ရောဂါရှိတယ် "

"..."

" ကားက အရှိန်နဲ့ သွားနေတာ တစ်ချက်ကြည့်ရုံနဲ့ ကားပေါ်မှာလူသေအလောင်း ၁၂၀တောင် ရှိနေတာ မင်းဘယ်လိုသိနိုင်မှာလဲ "

နဥ်စုအား ပြန်ဖြေရန် အခွင့်အရေးပင် မပေးပဲ သရုပ်ဆောင်သည် ဆက်၍ ပြောပြန်သည်။

" လှုပ်ရှားလို့ ရတဲ့လူသေအလောင်း? ငါအရင်က ဇွန်ဘီကားထဲမှာ သရုပ်ဆောင်ဖူးတယ်။ မင်းက တကယ်ပဲ ဇွန်ဘီတွေ ရှိမယ် ထင်နေတာလား "

ကောင်မလေး၏ ဆံပင်စွဲထားသော အမျိုးသားသည် ရုတ်တရက် သဘောပေါက်သွားသည်။

"မင်းတို့က ငါတို့ကို ဘတ်စ်ကားပေါ်မှာပဲ နေစေချင်တာလား"

သူထိုသို့ ပြောပြီးသည်နှင့် တစ်ပြိုင်နက် ကားပေါ်တွင် ခံစားချက်မဲ့သည့် စက်ရုပ်သံတစ်ခု ထွက်ပေါ်လာသည်။

ငါးဆားနယ်ဇွန်ဘီWhere stories live. Discover now