အပိုင်း ၁

380 42 0
                                    


နဉ်စုမျက်လုံးများအား ဖွင့်လိုက်သည့်အခါ သူသည် သွားနေသည့် ဘတ်စ်ကားပေါ် ထိုင်လျက် ရှိနေသည်အား သိလိုက်ရသည်။

အချိန်ကား ညဉ့်နက် ၁၁နာရီခွဲဖြစ်ပြီး မှောင်မိုက်နေသော ညနက်သည် တစ်ကမ္ဘာလုံးကို ကြီးစိုးနေသည်။တိတ်ဆိတ်နေသည့် လမ်းဘေးနှစ်ဖက်ရှိ သစ်ကိုင်းသစ်ခက်များသည် အဝါရောင်မီးမှိန်မှိန်အောက်တွင်ပုံပန်းမကျစွာ တည်ရှိလျက်ရှိနေရာ၏။

တစ်ကမ္ဘာလုံးမှာလည်း တိတ်ဆိတ်မှုအတိ။

နဉ်စု၏နှာခေါင်းဖျားတွင် သွေးနံ့သင်းသင်းသည် စိုစွတ်ပြီး ပုတ်အက်အက်အနံ့နှင့် ရောထွေးစွာ တည်ရှိခဲ့ပြီး ထိုဘတ်စ်မှာ သာမန်ခရီးသည်တင်ကားတစ်စီးသာဖြစ်သောကြောင့် တစ်ဒါဇင်ထပ်ပိုသော လူများသည် သူတို့၏ နေရာကိုယ်စီတွင် ထိုင်နေကြသည်။

နဉ်စုထိုင်နေသည့်နေရာသည် ငါးလိုင်းမြောက် ပြတင်းပေါက်ဘက်အခြမ်း ဖြစ်လေသည်။ သူ့မျက်လုံးများဖွင့်ပြီး မကြာခင်မှာပင် ကားပေါ်ရှိ လူများသည် တစ်ယောက်ပြီး တစ်ယောက် ထလာပြီး တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တော့သည်။

" ငါကဘာလို့ဒီကိုရောက်နေတာလဲ "


" ငါ့ဖုန်းရော ဘယ်ရောက်သွားတာလဲ"


" ငါ့ဖိုင်တွေပျောက်ကုန်ပြီ။ ဘာတွေဖြစ်နေတာလဲ"


" ကားသမား! ဟိတ်လူ ကားကိုအခုရပ်ပေး "


ကားပေါ်တွင် suit၀တ်ထား‌သောသူ၊ အပြာအဖြူ ကျောင်း၀တ်စုံ ၀တ်ဆင်ထားသော ကျောင်းသားကျောင်းသူများ အပြင် ကျက်သရေရှိသည့် ရှေးခေတ်အ၀တ်အစားနှင့် လူပင် ရှိနေသေးသည်။


ထိုရှေးခေတ်အ၀တ်အစားနှင့် လူမှာ အသက်နှစ်ဆယ် နှောင်းပိုင်းအရွယ်ဟု ထင်ရပြီး သေသပ်တဲ့ မိတ်ကပ်အပြင်အဆင်၊ ဓားသွားလို့ ထက်ရှသည့် မျက်ခုံး နဲ့ ကြယ်လိုတောက်ပနေသည့် မျက်လုံးများကို ပိုင်ဆိုင်ထား၏။

" ဒါရိုက်ကူးရေးအဖွဲ့ ရဲ့ ဟာသလား။ မင်းတို့က ရိုက်ကူးရေးအဖွဲ့က ငှားထားတဲ့ အပိုဖျော်ဖြေရေးသမားတွေလား။ ဒါ သောက်ဝေ့ယာ လုပ်ခိုင်းတာမလား။"

သိသာစွာပင် သူသည်သရုပ်ဆောင်တစ်ဦး ဖြစ်ပြီး အတန်အသင့်နာမည်ရှိသူ ဖြစ်တန်ရာ၏။


အဘယ်ကြောင့်ဆိုသော် နဉ်စုသည် သူ့ရှေ့ခုံရှိ pony tail ဆံပင်နှင့် ကောင်မလေး၏ အော်ဟစ်သံကိုကြားလိုက်၍ ဖြစ်သည်။

" ငါတကယ်ပဲ နာမည်ကျော်ကြယ်ပွင့် ဖုန်းအန်းခဲ့ နဲ့ ဘတ်စ်တစ်ခုတည်းမှာ စီးနေတာလား ။ အိပ်မက်ပဲဖြစ်ရမယ် "

ကားပေါ်မှလူများသည် ထိုသူကို မျက်ခုံးပင့်၍ ကြည့်လိုက်ကြသည်။

ဖုန်းအန်းခဲ့သည် သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ဘယ်ဆိုသရုပ်ဆောင်ရမည်အပြင် မျက်နှာအမူအရာကိုကောင်းမွန်စွာ ထိန်းချုပ်နိုင်သူ ဖြစ်သည်။သူ၏ပုံရိပ်ကို ထိန်းရန် အပြုံးတစ်ခုကို ဆင်မြန်းထားသော်ငြား သူ၏ဒေါသသည် လှစ်ဟပေါ်ထွက်နေကာတည်ငြိမ်သည့် အမူအရာသည်လည်း ပျက်ပြားလာခဲ့သည်။

သူ၏အသံမှာ ပို၍ ထက်ရှလာတော့သည်။

" ဒါရိုက်တာရော ဘယ်မှာလဲ ။ ငါဒီ prank ကို မကြိုက်ဘူး ရပ်လိုက်တော့ "

" အပိုဖျော်ဖြေရေးသမား? "

ငါးဆားနယ်ဇွန်ဘီWhere stories live. Discover now