Main Characters
Xiao Zhan
Wang YiBo
" ကိုယ်တို့တွေချစ်ခဲ့ကြတာ ဒီလိုဖြစ်ဖို့မဟုတ်ဘူးလေ "
•••*This chapter contains a tiny bit of mature content. Read at your own risk!*
နန်ကျင်းမြို့၏ဆောင်းဦးဟာအလွန်ကိုလှပသည်။ တစ်မြို့လုံးရှိသစ်ပင်များတွင် ရွက်ဝါများတလီလီဖုံးလွှမ်း၍ ဆောင်းဦးအလှကိုပိုမိုကျော့ရှင်းစေသည်။ ဆောင်းဦးကာလဟာ အောက်တိုဘာ နှင့် နိုဝင်ဘာ နှစ်လတည်းသာမို့ ဤကာလတွင် နန်ကျင်း ၌ခရီးသွားအလွန်ပေါသော ကာလပင်။
မနက်ဝေလီဝေလင်းတွင် ရထားဘူတာထဲရှိ ရွေ့လျားနေသောလူအုပ်ကြီးထဲတွင် ရှောင်းကျန့် လည်းအပါအဝင်။ ကုတ်အင်္ကျီရှည်အနက်ရောင်၊ လယ်သာလက်ဆွဲအိတ် နှင့်သူ့ပုံစံက ဖရိုဖရဲနှင့်။ ပွယောင်းယောင်းဖြစ်နေသည့်ဆံနွယ်တွေ နှင့် အိပ်ရေးမဝသဖြင့်နီရဲနေသည့်မျက်ဝန်းအိမ်တွေဟာ ညက ရှန့်ဟိုင်ဘူတာရုံမှာ ဒုက္ခခံပြီးအိပ်လာရသည့်အကြောင်းကိုဖော်ကျူးနေသည်။
ရှန့်ဟိုင် နှင့် နန်ကျင်း ကိုပြေးဆွဲသည့်ရထားများသည် မနက်သုံးနာရီခွဲ မှ ညဆယ်နာရီအထိသာ၊ ရှောင်းကျန့် ဟာ ရှန့်ဟိုင်ရှိ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ တစ်ခုမှ အကြီးပိုင်းဇာတ်ညွှန်းရေးဆရာ ဖြစ်သလို နာမည်ရသည့်လူတစ်ဦးဖြစ်သည့်အလျောက် အလုပ်အရမ်းများသောကြောင့် တစ်ခါတစ်ရံကုမ္ပဏီတွင် အစည်းအဝေးများ၊ အလုပ်များနှင့် ချာလပတ်ရိုက်နေတတ်သည်။ အကျိုးဆက်ကတော့ ရံဖန်ရံခါ ယနေ့လိုဘူတာ၌အိပ်လိုက်ရသည့်ရက်များပင်။
YOU ARE READING
S͏o͏r͏r͏y͏ l͏e͏f͏t͏ u͏n͏s͏a͏i͏d͏ : 那句没说出口的对不起
FanficYou were the best ,but you were the worst. This story is just imaginary and not related to real life. All characters, places, regulation rules & scenes were created on my own.