အပိုင်း (၂) ၀က်သားဂေါ်ဖီထုပ် ခေါက်ဆွဲ
ထိုကိစ္စအကြောင်း ၀မ်ချွေလန်ပြောသည်ကို ကြားပြီးနောက် ဖေ့လီသည် မင်္ဂလာဦးညက အကြောင်းအရာအချို့ကို ဝိုးတ၀ါး မှတ်မိလာသည်။ မူလပိုင်ရှင်သည် အသက်၂၂နှစ်ရှိပြီဖြစ်ကာ ရွာတွင် အပျိုကြီးစာရင်း ၀င်သွားပြီဖြစ်သောကြောင့် လက်ထပ်မည့်သူ မရှိပေ။ ကျေးလက်ရှိလူများသည် အသက်၁၆၊၁၇အရွယ်၌ လက်ထပ်ကြသည်မှာ ပုံမှန်ဖြစ်သည်။ ထို့ကြောင့် မူလပိုင်ရှင်သည် မကြာခဏလှောင်ပြောင်ခံရလေ့ရှိ၏။
ကျိုးရှန်ချီသည် အရပ်ရှည်ပြီး ချောမော၏။ မူလပိုင်ရှင်သည် ထိုလက်ထပ်ပွဲအတွက် အလွန်ပျော်ရွှင်ကာ မထိန်းချုပ်နိုင်သည်မှာ မလွဲဧကန်ပင်။ သူမသည် ထိုယောက်ျားက သူမနှင့် အတူ မအိပ်မည်ကို စိုးရိမ်၏။ ထို့ကြောင့် ယောက်ျားနှင့် မိန်းမကြား ဆက်ဆံရေးအား တိုးမြှင့်ပေးသည့် အမွှေးတိုင်ကို တိတ်တဆိတ် ရှာကာ အိမ်တွင်ထွန်းထားလေသည်။
သို့သော် သူမသည် ဝေဖန်ပိုင်းခြားနိုင်သည့်ဦးနှောက် မပါသောလူဖြစ်သည်။ သူမသည် ပိုက်ဆံအများကြီး ကုန်ကျကာ လှည့်စားခံလိုက်ရသည်။ လောကတွင် ထိုကဲ့သို့သော မှော်ဆေးမျိုး မရှိပေ။ ထိုအရာသည် အမျိုးသားအင်္ဂါကို အနည်းငယ်ကြီးထွားရန်သာ လုပ်နိုင်သည်။ ထိုအမျိုးသား၏ စိတ်ကို ရှုပ်ထွေးရန်ပင် လုပ်နိုင်ခြင်း မရှိချေ။
အလွန်၀သောမူလပိုင်ရှင်သည် ခုတင်ပေါ်သို့ တတ်လိုက်သည်။ ထို့နောက် သူမ ထိုယောက်ျားအပေါ်သို့တတ်ရန် အားစိုက်ထုတ်လိုက်ကာ ခြေထောက်များကို ဖိလေတော့သည်။ သူမ၏အတွေးများက မည်မျှပင် စိတ်ကူးယဉ်ဆန်နေပါစေ နှစ်ဦးလုံး၏ နာကျင်မှုများကိုသာ ဖြစ်ပေါ်စေသည်။ ကျိုးရှန်ချီသည် ခုတင်ပေါ်မှဆင်းကာ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။
ပတ်တီးစည်းထားသည့် ခြေထောက်မှာ အနာမကျက်သေး၍ မူလပိုင်ရှင်က ပျော်ပျော်ကြီး ဖိလိုက်သောအခါ သွေးများ ချက်ချင်းထွက်လာကာ နီရဲသွားတော့သည်။
မူလပိုင်ရှင်သည် လက်ထပ်ပြီးသည်နှင့် မုဆိုးမ ဖြစ်လာမည်ကို စိုးရိမ်ကာ သူမလှုပ်ရှားမှုများကို ရပ်လိုက်တော့သည်။
YOU ARE READING
အမြောက်စာ ဇာတ်ကောင်၏ ဇနီးသည်(ဘာသာပြန်)
Fantasy၁၉၈၀ ခုနှစ်ကို အခြေခံထားပြီး စာအုပ်ထဲ ကူးပြောင်းသွားတဲ့ ၀တ္ထုမျိုးပါ၊ အချက်အပြုတ်အကြောင်း တွေပါပြီး ဇာတ်လိုက်က ဆင်းရဲရာကနေ ချမ်းသာ၊ ၀ရာကနေ ပိန်သွားတာမျိုး၊ ပေါ့ပေါ့ပါးပါး ကြိုက်သူတွေ အကြိုက်တွေ့မဲ့ ၀တ္ထုလေးပါ