"အာ့..အား...တီချယ်ရေ ဆု နာတယ်...အား အား"
နားရွက်ကို အားသုံးကာ ဆွဲထားတဲ့ တီချယ့်ကြောင့် ဆုနှင်း အော်နေမိသည်။
နားရွက်က ပူထူလာပြီး ဆုနှင်း မျက်ရည်ပင်ဝဲကာတက်လာရသည်။"ပြောစကားနားမထောင်တဲ့ ဆု...မင်းနဲ့ကိုယ်နဲ့ တွေ့မယ်"
"အခုလည်း တွေ့နေရတာပဲကို..."
"ဆု...မင်း ကိုယ့်စကားကို ဘာလို့ နားမထောင်တာလဲ ဟမ်...ဆိုင်ကယ်ကို လိုတာထက်အရှိန်တင်မောင်းတာ ကိုယ်မကြိုက်ဘူးပြောထားတယ်မလား...အရင်တစ်ခါကလည်း ကိုယ်ဆုကို ဆုံးမထားတယ်မလား...
ဆု က ကိုယ့်ကို လာစမ်းနေတာလား"နားရွက်ကို လွှတ်မပေးဘဲ မေးလာသော တီချယ်။
မျက်ဝန်းတွေက ဒေါသထွက်နေတယ်ဆိုတာ အသေအချာ။"တီချယ်..ဆု ..နာတယ်"
"နာလည်း ဖြေ...ကိုယ်မေးတာကို ဖြေ...ကိုယ့်ကိုလာစမ်းနေတာလား"
"အင့်...ဆု ကိုစိုင်းကို ရွဲ့ချင်လို့ ဆိုင်ကယ်ကို အရှိန်တင်မောင်းလိုက်တာပါ..ဆု တီချယ့်ကို ဘာလို့ စမ်းရဲမာလဲ...စမ်းလည်းမစမ်းရက်ပါဘူး...
တီချယ့်စကားနားမထောင်မိတာ တောင်းပန်ပါတယ်..အာ့ "နားရွက်က အင်မတန်နာကျင်နေပြီဖြစ်တာမို့ ဆုနှင်း ငိုသံပင်ပါလာသည်။
သူ့အသံတွေကသာ တုန်ရီအက်ကွဲနေပေမယ့် တီချယ်ကတော့ သူ့အား အခုထိ လွှတ်မပေးသေး။
ပူထူနေသော နားရွက်လေးဟာ နီရဲနေမယ်ဆိုတာလည်း အသေအချာ။"တီချယ်...ဆု နာတယ်"
"တောက်"
တောက်ခေါက်သံနဲ့အတူ အားသုံးကာ ထပ်ဆွဲလိုက်တဲ့ တီချယ့်ကြောင့် ဆုနှင်း မျက်ဝန်းက မျက်ရည်တွေဟာ စီးကာကျလာသည်။
မိုးဆွေ ဆု ငိုနေတာမြင်မှ နားရွက်ကလေးကို လွှတ်ပေးလိုက်သည်။
"ဆု...ဆိုင်ကယ်ကို အရှိန်တင်ပြီး မောင်းတာ ဘယ်လောက်အန္တရာယ်များလဲသိလား...
ကိုယ်ပြောနေတာတွေက ဆုကို ကောင်းစေချင်လို့ ပြောတာတွေဆိုတာ ဆုနားလည်လား...
ကိုယ် ဆုကို မချစ်ရင် မတားမြစ်ဘူး..မပိတ်ပင်ဘူး...
ကိုယ်မင်းကို ချစ်လို့ အဆုံးရှုံးမခံနိုင်လို့ ပြောနေတာဆိုတာရော ဆုက တွေးဖူးလား"