He Changed For Love🖤 (Part-7)

1.5K 31 2
                                    


Uni
ကိုဘုန်းထက်မြတ်ယူလာတဲ့ကော်ဖီသောက်လိုက်ပြီးတဲ့နောက်မှာအိမ့်သူလည်း ကိုဘုန်းထက်ဘက်ကိုလှည့်ကြည့်လိုက်ပြီး

"အွန်းး ကောင်းသားပဲဒါက ‌expresso လား"

"ဟုတ်တယ် လေ ဘယ်လိုလဲကြိုက်ရဲ့လား"

"ကြိုက်ပါတယ်"

"ကျွန်‌တော်ဖျော်ထားတာလေ"

"ရှင် ကိုဘုန်းထက်မြတ်က အဲ့လိုလဲဖျော်‌တတ်တာပဲလား"

"ဟုတ်တယ်လေ‌ဗျာ ကျွန်‌တော်ဆိုင်လေးကိုစဖွင့်‌မယ်လို့တွေးမိကတည်းကသင်ထားတာ"

"အော် "

အဲ့လိုနဲ့ပဲအိမ့်သူတို့နှစ်စကားစပျက်သွားကာ
အိမ့်သူလည်းခမ်းခမ်းကိတ်စားနေတုန်းတွက်ထားတဲ့ပုစ္ဆာတွေ ကိုစစ်ပေးနေတာပေါ့

"ဝါးး ခမ်းခမ်းလေးကတော်လိုက်တာ၁၀ပုဒ်မှာ ၉ပုဒ်မှန်တယ် နော် အဲ့ဒီတစ်ပုဒ်မှာခမ်းခမ်းဘာမှားသွားလဲ ပြန်ကြည်ကြည့်ပါဦး"

"အာ သားသိပြီ တီချယ် သားသား ၅၀၀ထဲက၂၀၀နှုတ်တာကို မုန့်ကိုစိတ်ရောက်ပြီး မှားပေါင်းပေးလိုက်မိတယ် ဟီးဟီး"

"အော် အဲ့သလိုကို အဲ့တာဆိုရင်တော့ဦးဦး‌ နောက်တစ်ခါခမ်းခမ်းစာတွက်ရင် မုန့်လာမ‌ပို့တော့ဘူးကွာ"

ခမ်းခမ်းကို၀င်စလာတဲ့ ဦးလေးဖြစ်သူ ဘုန်းထက်မြတ်သော်ကြောင့် ခမ်းခမ်းခမျာမျက်နှာငယ်လေးနဲ့

"သားသားနောက်တစ်ခါစိတ်မပျံ့ပဲသေချာတွက်မှာပေါ့ဦးဦးရယ် မုန့်တော့ မကျွေးပဲမနေပါနဲ့"

" ဟုတ်ပါပြီဗျာ ဟုတ်ပါပြီ"

အိမ့်သူလည်းကိတ်စား‌ရင်း တူ၀ရီးနှစ်ယောက်ကိုထိုင်ကြည့်နေလိုက်တော့တာပေါ့
အိမ့်သူထိုင်ကြည့်နေတုန်း

"အိမ့် အိမ့်"

"ရှင်"

"အော် နှုတ်ခမ်းမှာ ခရင်တွေပေနေတယ်"

"အယ်"အိမ့်သူလည်းအမြန်ပင် နှုတ်ခမ်းကခရင်တွေကိုသုတ်လိုက်ရတော့သည် လူရှေ့သူရှေ့ဆိုအဲ့လိုကိစ္စလှလှလေးတွေကအမြဲလိုပင်ဖြစ်နေကြ

တစ်ဖက်တွင်လည်းကိတ်ခရင်လေးတွေကိုရှက်ကို့ရှက်ကန်းသုတ်နေတဲ့ကောင်မလေးကို တစ်စိမ့်စိမ့်ထိုင်ကြည့်နေတဲ့လူကြီးတစ်ယောက်

He Changed For Love🖤 (ongoing)Where stories live. Discover now