Uni ver
အိမ့်သူလည်းလာခေါ်မယ်ဆိုတဲ့လူကိုစောင့်နေလိုက်ရင်းကားရပ်သံကြားလိုက်တော့ချက်ချင်းပဲအိမ်ရှေ့ထွက်လာလိုက်တော့တယ်ခြံထဲသို့ကားထိုးလိုက်ပြီးဘုန်းထက်မြတ်သော်လည်းကားပေါ်ကဆင်းလာကာ
"အိမ့် တက်လေ"
"ခနလေးနော်သော့ခတ်လိုက်ဦးမယ်"
"အန်ကယ်တို့ပြန်လာရင်သော့ကဘယ်လိုလုပ်မလဲ"
"ရတယ် တစ်အိမ်လုံးမှာ သော့အပိုတွေရှိတယ်"
အိမ့်သူကားနားမရောက်ခင်မှာပဲ ကားတံခါးကိုကြိုဖွင့်ပေးထားပြီးသား
အိမ့်သူကားပေါ်တက်ခါနီး ခြံသော့ခတ်ရဦးမှာကိုသတိရသွားလို့
"ခြံသော့ခတ်ရဦးမှာမလို့ ကားအရင်ထွက်လိုက်ဦး"
"အော် ကားပေါ်သာတက်ပါဗျာ ကျွန်တော်သော့ခတ်ပေးမယ်"
"အားနာစရာကြီးလေ ရပါတယ်"
"ကားပေါ်သာတက်ပါဗျာ နေပူလို့ပါ"
"အဲ့တာဆိုလည်းဟုတ်ပါပြီလေ"
အိမ့်သူလည်း ခြံသော့သေချာခတ်ပေးနေတဲ့ကိုဘုန်းထက်မြတ်သော်ကိုကြည့်ကာပြုံးနေလိုက်တော့တယ်
✨✨✨✨✨✨
"အိမ့် အိမ်မှာတစ်ယောက်ထဲမဟုတ်ဘူးလား"
"ဟုတ်တယ်လေ"
"အိမ်မှာတစ်ယောက်ထဲဟာကိုခြံသော့လည်းမခတ်ဘူး ဒီတိုင်းကြီး မိန်းကလေးတစ်ယောက်ထဲကိုဂရုစိုက်မှပေါ့"
အိမ့်သူလည်းပူညံ ပူညံလုပ်နေတာကိုနားငြီးလာတာမလို့ ဖုန်းကိုပဲကြည့်နေလိုက်တော့
"ကျွန်တော်ကစိတ်ပူလို့ပြောတာပါ အိမ့်တစ်ယောက်ထဲဆိုတော့စိတ်မချလို့ပါဗျာ"
အိမ့်သူလည်းမျက်လုံးတစ်ချက်ဝေ့ကြည့်ပြီးချက်ချင်းပင်ဖုန်းကိုအကြည့်ပြန်သွင်းလိုက်သည်
စိတ်တွေကများသွားကာ မနေ့ကအကြောင်းတွေကိုပါပြန်တွေးမိလာတာကြောင့် ဘာမှပြန်မပြောဖြစ်လိုက်ပေ
............."ရောက်ပါပြီဗျာ"
ခေါင်းငြိမ့်ပြပြီးကားပေါ်ကနေဆင်းသွားတော့ ဘုန်းထက်မြတ်သော်လည်း နောက်ကမြန်မြန်လိုက်သွားကာ
YOU ARE READING
He Changed For Love🖤 (ongoing)
RomanceUni ကိုကိုနဲ့ကလေးပုံစံficလေးတစ်ခုထပ်လာပါပြီရှင့် ချိုချိုကြမ်းကြမ်းလေးဖတ်ချင်ရင်တော့ဖတ်ကြည့်လိုက်တော့နော် ဘုန်းထက်မြတ်သော်+အိမ့်သူသူမောင် Start date-22/7/2024 Zawgyi+Uni Normal fic OC Zawgyi ကိုကိုနဲ့ကလေးပုံစံficလေးတစ်ခုထပ်လာပါပြီရှင့် ချိုချိုကြမ်...