He Changed For Love🖤 (part-10)

1.1K 32 0
                                    

Uni ver

အိမ့်သူကတော့ သူငယ်ချင်းတွေနဲ့လျှောက်လည်ပြီး၀ယ်စရာရှိတာ၀ယ်ပြီးတဲ့နောက်မှာတော့
အိမ့်သူတို့သူငယ်ချင်းတွေနဲ့ ကိုရီးယားစားသောက်ဆိုင်လေးကို၀င်ခဲ့လိုက်ကြတယ်

အိမ့်သူတို့လည်းစားစရာရှိတာစားသောက်ပြီးတဲ့နောက်မှာတော့ မြတ်လေးက အိမ့်သူကို အိမ်ပြန်လိုက်ပို့ပေးတယ်

"တာ့တာ မြတ်လေး ရေ ဂရုစိုက်ပြန်နော်"

အိမ်ထဲကို၀င်ရင်း သူငယ်ချင်းဖြစ်သူကိုလည်းလှမ်းနှုတ်ဆက်နေတဲ့ အိမ့်သူကိုမြတ်လေးက

"အေး နင်လည်း အရှေ့ကိုကြည့်ပြီးလျှောက်"

အိမ့်သူလည်းရယ်ရယ်မောမောနဲ့ ခြံထဲကို၀င်လာတော့ အိမ့်သူရဲ့စကူဘီလေးကိုခြံထဲမှာတွေ့လိုက်ရတာကြောင့်

"ဖေဖေ၀င်ယူလာပေးတာထင်တယ်"
အိမ့်သူလည်းအိမ်ထဲ၀င်လာတော့ဧည့်ခန်းမှာထိုင်နေတဲ့ဖေဖေ့ကိုတွေ့တာ‌နဲ့ အတော်ပဲဖြစ်သွားကာ

"သမီးစကူဘီ ဖေဖေပြန်ယူခဲ့တာလား"

"အော် သမီးတောင်ပြန်လာပြီလား"

"ဟုတ်ဖေဖေ"

"စကူဘီက မောင်ဘုန်းထက်မြတ်သော် လာပို့သွားတာ‌ သမီးရဲ့ စောနလေးကမှပြန်သွားတာ"

"အော် ဟုတ်လား သမီးနားတော့မယ်နော် goodnight ဖေဖေနဲ့မေမေ"

"အေးအေးသမီး"

မီးဖိုချောင်ထဲကနေကော်ဖီခွက်လေး‌ကိုင်ပြီးထွက်လာတဲ့မေမေ့ကိုပါတခါတည်း နှုတ်ဆက်ပြီးအခန်းထဲကိုတက်လာခဲ့တယ်

အခန်းထဲရောက်တော့ အ၀တ်အစားလဲပြီး လျှောက်လည်ရတာအရမ်းပင်ပန်းလာတာမလို့်အခန်းမီးပိတ် ဖုန်းကိုယူကာ အိပ်ယာပေါ်သို့တက်လာခဲ့တယ်

ဖုန်းဖွင့်ပြီး လိုင်းဖွင့်လိုက်ချင်းမှာပင်ကိုဘုန်းထက်မြတ်သော်ရဲ့အကောင့်ကနေပို့ထားတဲ့ စာ 5 ကြောင်းလောက်က ဒါရိုက် တက်လာတော့တယ်

* အိမ့် ပြန်ရောက်ပြီလား*
* အိမ့် စကူဘီလေးကို ဘယ်လိုလုပ်မလဲဗျ*
*မနက်ဖြန် ဘာနဲ့လာမှာလဲဗျ*
*ကျွန်တော်လာပို့ပေးထားရမလားဗျ*

He Changed For Love🖤 (ongoing)Where stories live. Discover now