He Changed For Love🖤(part-15)

556 16 2
                                    

"အိမ့် ကျွန်တော့်ကိုစဉ်းစားပြီးပြီလားဟင်"

စားပွဲပေါ်သို့ စတော်ဘယ်ရီနှစ်ခွက်ချကာ ဘုန်းထက်မြတ်သော်ကစကားစလိုက်သည်

"အင်း စဉ်းစားနေတုန်းပဲလေ ဘာလို့လဲ"

"ဘာမှမဟုတ်ပါဘူးဗျာ အိမ့်အလုပ်တွေများနေတော့ကျွန်တော့်ကိုစဉ်းစားပေးဖို့မေ့နေမှာဆိုးလို့ပါဗျာ"

"အင်း ကျွန်မမမေ့ပါဘူး ကိုဘုန်းထက်ရဲ့ ကျွန်မလည်းစ‌ဉ်းစားစရာတွေများနေလို့ပါ"

"အိမ့်ဘာတွေများစဉ်းစားနေရတာတုန်းကျွန်တော်ကူစဉ်းစားပေးမယ်လေ ဒါပေမယ့် အချစ်ရေးအတွက်ဆိုရင်တော့ကျွန်တော်ကိုပဲ recommend ပေးပါတယ်"

ရုပ်တည်ကြီးဟာသတွေထပြောတာကြောင့်အိမ်သူလည်းထိုလူကြီးအား မျက်စောင်း‌ထိုးကာ

"ကျွန်မကတခြားကောင်လေးတစ်ယောက်ကိုလည်းစဉ်းစားပေးမယ်ပြောထားလို့ပါ"

"ဗျာ ဒါဆိုကျွန်တော်တော့ ပြိုင်ဖက်ရှိနေပြီပေါ့ ဒါနဲ့အဲ့ကောင်လေးကကျွန်တော့်လောက်တော့ချစ်တတ်မှာမဟုတ်တာ‌တော့သေချာပြောရဲတယ်ဗျ"

"အမယ် သူသိတာကျလို့"

"ဘယ်လိုပဲဖြစ်ဖြစ်ဗျာ အိမ့်အချစ်ကိုကတော့ ကျွန်တော်တစ်ယောက်ထဲပဲလိုချင်တယ်"

"အင်းစဉ်းစားကြည့်ပါဦးမယ်"

ခမ်းခမ်းနေမကောင်းဖြစ်ပြီးနားနေတာမလို့အိမ့်သူစာမသင်ဖြစ်ပဲ ကိုဘုန်းထက်နဲ့စကားပြောနေခြင်းပင်

"ခမ်းခမ်းကိုသွားကြည့်လိုက်ဦးမယ်"

ခမ်းခမ်းကရုံးခန်းထဲမှာအိပ်နေတာမလို့ အိမ့်သူကော ဘုန်းထက်မြတ်သော်ကော၀င်သွားလိုက်တော့တယ်

ခမ်းခမ်းကိုဆေးတိုက်ပြီးတော့အိမ့်သူလည်းပြန်ဖို့လုပ်နေတုန်း

"ကျွန်တော်လိုက်ပို့မယ်လေ အိမ့်"

"ရပါတယ် စကူဘီပါတယ်လေ"

"အိမ့်ကလည်းကျွန်တော် အကြိုအပို့လုပ်ပေးမယ်လို့ပြောတာကိုလက်မခံဘူး‌ဗျာ"

"အားနာလို့ပါရှင် ပြီးတော့ခမ်းခမ်းလေးလည်းနေမကောင်းဘူးလေ သူ့အနားနေလိုက်ဦးပေါ့"

He Changed For Love🖤 (ongoing)Where stories live. Discover now