ဧကရီလည်းခမ်းခမ်းကိုစာသင်ရင်းအချိန်တွေကကုန်မှန်းမသိကုန်သွားကာ 3နာရီပင်ခွဲသွားပြီဖြစ်သည်3နာရီခွဲတော့အိမ့်သူရဲ့သူငယ်ချင်းတွေအုပ်လိုက်ကြီး ကောဖီဆိုင်ထဲကို၀င်လာကြသည်
အိမ့်သူကတော့ဘုန်းထက်မြတ်သော်အထင်နဲ့ တံခါးအ၀င်ကို ခနခနကြည့်နေမိတယ်အိမ့်သူလည်းခမ်းခမ်းလေးကိုစာပေးထားပြီးသူငယ်ချင်းတွေနား ခနသွားတော့
မြတ်လေးက ဝိတ်တာလေးကို သောက်စရာအစုံမှာနေသည်"မိမြတ် ငါ့ကိုကော၀ယ်တိုက်ချင်ဘူးလား"
"ဘောစိမကများ ငါ့ကိုတောင်ပြန်၀ယ်တိုက်သင့်တာနော်"
"ဟားဟား နင်တို့ကလည်းအစောကြီးရောက်လာတာနော် စာသင်တာ၄နာရီမှပြီးမှာပါဆို"
"ရော် ကော်ဖီလာသောက်တာပါဆိုနေ အားမနာနေနဲ့သင်စရာရှိတာသင် သွား ဟိုမှာကလေးကိုတစ်ယောက်ထဲကြီးထားခဲ့တယ် ဒီဆရာမတော့နော်"
"သွားပြီးနော်အဲ့တာဆိုလည်း"
"ကြွပါအေ "
အိမ့်သူလည်းမြတ်လေးနဲ့ပြောပြီးခမ်းခမ်းလေးဘက်ကိုထွက်လာခဲ့တယ်
"တီချယ် သားသားကစပ်စုတာတော့မဟုတ်ပါဘူးနော် ဟိုနားကအကိုကြီးကတီချယ် ကောင်လေးလားဟင်"
"ရှင် ဒီကလေးကတော့ပေါက်ကရတွေမေးနေပြီ"
"တီချယ်မပြောပြချင်လည်းရပါတယ် သားသားကသိချင်လို့မေးကြည့်တာ ပါ"
စိတ်မကောင်းဖြစ်တဲ့မျက်နှာပုံစံလေးလုပ်ပြလာတော့
"အမယ်လေးရှင် အဲ့တာ တီချယ့်သူငယ်ချင်းပါ တီချယ့်မှာ ဘာကောင်လေးမှမရှိပါဘူးရှင် စပ်စုစိန်လေးရဲ့"
"ဟီးဟီးသားသားကစပ်စုစိန်ဟုတ်ပါဘူးနော် ဟိုအကိုကြီးကတီချယ့်ကိုပဲကြည့်နေလို့မေးကြည့်တာပါ"
"ဟုတ်ပါပြီရှင် ဟုတ်ပါပြီ စာလည်းသေချာတွက်ဦးနော်"
အိမ့်သူလည်း ခမ်းခမ်းစာတွက်တာစောင့် ရင်း ဖုန်းကိုကြည့်လိုက် သူငယ်ချင်းတွေဝိုင်းကိုကြည့်လိုက်နဲ့ အလုပ်ရှုပ်နေချိန် တံခါးကနေလူ၀င်လာတာမလို့ကြည့်လိုက်တော့
YOU ARE READING
He Changed For Love🖤 (ongoing)
RomanceUni ကိုကိုနဲ့ကလေးပုံစံficလေးတစ်ခုထပ်လာပါပြီရှင့် ချိုချိုကြမ်းကြမ်းလေးဖတ်ချင်ရင်တော့ဖတ်ကြည့်လိုက်တော့နော် ဘုန်းထက်မြတ်သော်+အိမ့်သူသူမောင် Start date-22/7/2024 Zawgyi+Uni Normal fic OC Zawgyi ကိုကိုနဲ့ကလေးပုံစံficလေးတစ်ခုထပ်လာပါပြီရှင့် ချိုချိုကြမ်...