part 9

1.1K 95 2
                                        

"ဒန်ဒန့်ဒန်...phi ဒီမှာကြည့် ဘယ်သွားချင်လဲ ရွေးလိုက်နော် jiက အကုန်လိုက်ပို့ပေးမှာ free"

သူ့အကို p'ling အမှု အမိန့်ချပြီးထဲက တအားငြိမ်ကျသွားတာမို့ jiလဲ ၀မ်းနဲတယ်။

"Phiဘယ်မှ မသွားချင်ပါဘူး ji "

"p'Gem ဒီလိုအလုပ်ကြီးပဲ ဇွတ်လုပ်နေတာက phiကိုပိုကောင်းလာအောင် ဘာမှ မကူညီနိုင်ဘူးနော်၊ ဘယ်သွားချင်လဲသာပြောလိုက် ခေါ်သွားပေးမယ်jiက"

"ကိုယ်တကယ်ဘယ်မှ မသွားချင်တာ ji "

"အမှုက ဒီလိုဖြစ်သွားလို့ phiစိတ်မကောင်းဖြစ်နေတာ jiသိတယ်နော်၊ ဒါပေမယ့် phiရဲ့အမှားလို့မတွေးပါနဲ့၊ အားလုံးကသိကြတယ်၊ phiအကောင်းဆုံးလုပ်ခဲ့တယ်ဆိုတာ၊ ပြီးတော့ ji ယုံတယ် p'lingကလဲ ဒီအကြောင်း‌ကို
ကောင်းကောင်းသိတယ်ဆိုတာ ၊ အဲ့တာကြောင့် phi ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့၊ jiတို့ အရှေ့ကို ဆက်လျှောက်လှမ်းနိုင်ရမယ်၊ fighting Phi"

"Phiကြိုးစားနေပါတယ် ji, ဒါပေမယ့် ကိုယ် lingကို လွယ်လွယ်နဲ့တော့မမေ့နိုင်သေးဘူး၊သူမရှိတော့ ကိုယ့်ဘ၀က သေသွားသလိုပဲ"

"p'Gem....jiရဲ့အကိုက လူကောင်းပါ၊ တနေ့ကျရင် phiကို ပျော်ရွှင်အောင်လုပ်ပေးမယ့် လူကောင်းတယောက်ကို phiထပ်တွေ့မှာပါ၊ jiကိုယုံနော်...လာပါဦး ji အကို့ကို ဖက်ချင်လို့"

Phiကိုသူ နွေးနွေးထွေးထွေးလေးဖက်ထားပေးမိသည်။ အမြန်ဆုံး အဆင်ပြေပါစေ phi.
--------------------------------------------------------------

"ဘာမှမဖြစ်ဘူးနော် သားနော်...အဘွားရဲ့မြေးက လူလိမ်မာလေးမလား မငိုနဲ့တော့နော်သား"

"ကလေးကဘာဖြစ်လို့ငိုနေတာလဲရှင့်"

"ရဲကကျနော့အမေကိုခေါ်သွားတယ်...အီးးးး အမေ့ကိုထောင်မကျစေချင်ဘူးး"

"Auu..မငိုနဲ့တော့နော်....ဒီမှာကြည့် အမရဲ့အိတ်ထဲမှာ ဘာရှိနေတာလဲနော်.......ဒန်ဒန်ဒန်..အမအိတ်ထဲမှာရှိနေတာလေးက သကြားလုံးပဲကိုးးး သားသား သကြားလုံးစားမှာလား၊ လိုချင်လား?

"မမမေးနေတယ် လိုချင်လားသားလေး"

"လိုချင်ပါတယ်ဗျ"

Invests With Heart (Completed)Where stories live. Discover now