အစ်ကိုတို့ မုန့်ဝယ်လာမယ်ဆိုလို့
စောင့်နေတာ
အခုထိကိုပေါ်မလာသေးဘူး....
အဲ့အချိန်မှာပဲ
ဖုန်းဝင်လာလို့ကြည့်လိုက်တော့
ခန့်ဆီကဖုန်း ...
ကိုင်လိုက်ပြီး
ရန်တွေဖို့လုပ်တော့
"ခန့်...ဘာလို့မလာသေးတာလဲ
ကြာလှပြီ ...ဗိုက်ဆာနေပြီ...."" ဟိုလေ ...ဒီဖုန်းပိုင်ရှင်က
ယာဉ်တိုက်မှုဖြစ်လို့
အခုဆေးရုံကြီးက
အရေးပေါ်ဌာနကိုပို့ဖို့လုပ်နေတာပါ...
လူနာရှင်လိုက်လာပေးပါ...""ဟုတ်ကဲ့ ...၂ယောက်လုံးလားဟင်..."
"ဟုတ်ပါတယ်...လူနာ၂ယောက်ပါ
သတိမရကျသေးဘူး...ဒါပဲနော်..."
ဆိုပြီး ဖုန်းချသွားတယ် ....
ဘာလုပ်ရမှန်းမသိတာနဲ့
ကိုကြီးဆီဖုန်းလှမ်းဆက်တော့"ဘေဘီ....ကိုယ်အလုပ်မပြီးသေးဘူး
ပြီးရင်ဖုန်းဆက်လိုက်မယ်နော်....""ကိုကြီး ...ခန့်တို့လေ
ခန့်တို့လေ...""ဘာဖြစ်လို့လဲ ...ဘေဘီ
စိတ်လျော့ ဖြေးဖြေးပြော...""ခန့်တို့ ...ယာဉ်တိုက်မှုဖြစ်လို့တဲ့...
အခုဆေးရုံကြီးကိုခေါ်သွားတယ်တဲ့
ပျိုဘာလုပ်ရမလဲ...ဟင့်..ဟင့်...""မငိုနဲ့ဘေဘီ...
ဆိုင်က၁ယောက်ယောက်ကို
ကားမောင်းပြီးဆေးရုံကိုလိုက်ပို့ခိုင်း
ကိုယ်လည်းအမြန်လာခဲ့မယ် ...
ဘာမှတော့မဖြစ်လောက်ပါဘူး
စိတ်မပူနဲ့နော် ...တိတ်...တိတ်...""ဟုတ်..."ဖုန်းချပြီး
ဆိုင်ကတယောက်ကို
လိုက်ပို့ခိုင်းရတယ် ....
ကားပေါ်ရောက်မှကြယ်တို့ကိုသတိရပြီး
မနေကယူထားတဲ့
ဖုန်းနံပါတ်ကိုခေါ်ပြီး
ဆေးရုံလိုက်ခဲ့ဖို့ပြောရတယ်....အစ်ကိုတွေဘာမှမဖြစ်ပါစေနဲ့
ပျိုဝယ်ခိုင်းတာသွားဝယ်ကျရင်း
ဖြစ်တာထင်တယ်...
ဖေဖေနဲ့မေမေတုန်းကလည်းအဲ့လိုပဲ
ပျိုမှာတာကို သွားဝယ်ရင်းနဲ့
ကားတိုက်ပြီးဆုံးသွားတာ
ပျိုသာမမှာရင်သေမှာမဟုတ်ဘူး....😢😢
အစ်ကိုတို့သာတခုခုဖြစ်သွားရင်
ပျို ဘယ်လိုလုပ်ရမလဲ....ဆေးရုံရောက်တော့
ကားပေါ်ကဆင်းပြေးပြီ
ဘယ်သွားရမှန်းမသိဘူး
ယောင်လည်လည်လုပ်နေတုန်း
လိုက်ပို့ပေးတဲ့ အစ်ကိုက
YOU ARE READING
ကျိန်စာသင့်ကျသူများ(က်ိန္စာသင့္က်သူမ်ား )completed
Spiritualသူဌေးအိမ်ကို ငွေကြေးကြောင့်ရောင်းစားခံရတဲ့ မိန်းမလှလေး၁ယောက်ကို သူတို့ဝယ်ထားတာပဲ သူတို့စိတ်ကြိုက်အသုံးတော်ခံရမယ်ဆိုပြီး အရုပ်၁ရုပ်လို့ စိတ်ကြိုက်ကစားပြီး နောက်ဆုံးကျ အဆိပ်သောက်ခိုင်းတဲ့ သူတွေကို စိတ်နာသွားတဲ့ သူမရဲ့ကျိန်စာကတော့...... သူဌေးအိမ်...