part..15(zawgyi)

249 6 0
                                    

     မနက်လင်းတော့ ဆရာဝန်တွေ
လာစစ်ဆေးပြီး ...
ဆရာမလေးတွေက
ဆေးသွင်းပေးသွားတယ်
နေ့လည်မှနောက်တခါလာမယ်ဆိုပြီး
ပြန်သွားကျတယ်...
ဆရာမလေးတွေက
အစ်ကိုတွေကချောပြီး
ညီမလေးကချစ်စရာကောင်းတယ်တဲ့

   အခုတော့ ကိုကြီးက
ဆေးရုံတက်တာကို
လိုအပ်တာတွေယူပေးဖို့
အပြင်ထွက်သွားတယ် ....
ပျိုကတော့ အစ်ကို၂ယောက်ရဲ့
ကုတင်၂ခုကြားမှာလိုအပ်တာတွေ
ကူလုပ်ပေးဖို့စောင့်နေရင်း
ဖုန်းကြည့်ကာ
ဖုန်းထဲကအကြောင်းတွေ
ပြောပြနေတယ်.....

"ဂျစ်တူးမ ....
နင်မလွန်လွန်းဘူးလား ..."

"ဘာဖြစ်လို့လဲ....
ကူပေးဖို့ လိမ်လိမ်မာမာနေနေတာကို
လွန်တယ်ပြောနေတာ..."

"နင်ငါတို့ကိုပြောပြနေတာ
မင်းသားတွေအကြောင်းတွေ
ကြီးပဲလေ....
မိန်းကလေးဖြစ်ပြီး
ကောင်လေးတွေပဲလိုက်ကြည့်နေတာ....."

"ဟာ...အစ်ကိုတို့ကလည်း
ကောင်လေးတွေကြိုက်တာ
မဟုတ်ဘူးလား
အဲ့တော့ စေတနာနဲ့
ပြောပြနေတာကို.....
ဒီမှာကြည့် ဘော်ဒီတွေက
မိုက်တယ်...ကိုကြီးအတိုင်းပဲ
ကိုကြီးလာရင် အင်္ကျီချွတ်ပြခိုင်းရမယ်...
အစ်ကိုတို့ပါကြည့်ရတာပေါ့...."

"ဘယ်လို......"

"ဘာ....
ငါလုပ်လိုက်လို့မထနိုင်
ဖြစ်သွားမယ် ဂျစ်တူးမ...."

"ဘာလို့ဝိုင်းအော်တာလဲ ...
စေတနာနဲ့လည်းပြောရသေးတယ် ...."

"ငါတို့က ယောကျာ်းလေးတွေ
ကြိုက်တယ်လို့
နင့်ကိုဘယ်သူပြောလည်း
သူ့ကိုကြီးကို
ငါတို့ကကပ်ငမ်းရအုန်းမယ် ....
ရွံစရာ....."

"ဘာရွံစရာလည်း ...
ကိုကြီးမှာ ပေါင်မုန့်၈တုံးရှိတယ်
သူတို့မှမရှိတိုင်း မနာလိုနေတာ ...
ခင်ဗျားကြီးတို့ ယူထားတာလေ
ခန့်နဲ့မောင်နဲ့ ဖြစ်နေတာ
အဲ့တာ ယောကျာ်းကြိုက်တာ
မဟုတ်တော့ဘာကြီးလဲ
သူများကိုလာအော်နေတယ် ...."

"နင်ဘာနားလည်လို့လဲ
ခန့်ကိုယူတယ်ဆိုတာ
ခန့်၁ယောက်တည်းကို
သဘောကျလို့ယူတာလေ
ခန့်ကိုကြိုက်လို့ ယူတာနဲ့
ငါက တခြားယောကျာ်းတွေ
လိုက်ငမ်းနေတယ်များ
ထင်နေတာလား ....
ဂျစ်တူးမကတော့ နာတော့မယ် ..."

ကျိန်စာသင့်ကျသူများ(က်ိန္စာသင့္က်သူမ်ား )completedWhere stories live. Discover now