part..16

594 26 4
                                    

     ကိုယ်နိုးလာတော့ ...
ကုတင်ပေါ်မှာ ကိုယ့်ကို
ငုတ်တုတ်ထိုင်ကြည့်နေတဲ့
မျက်နှာလေးကိုအရင်မြင်ရတယ်....

"အင်း....ဘေဘီက မအိပ်ဘူးလား ...."

"မအိပ်ချင်လိုလေ ...
ကြယ်တို့လာမယ်လို့
ဖုန်းဆက်တာနဲ့စောင့်နေတာ
ကိုကြီး အလုပ်က
အရမ်းပင်ပန်းလို့လာဟင်...
ပင်ပန်ရင်မလုပ်နဲ့
ပျိုရှာကျွေးမယ်...."

"မပင်ပန်းပါဘူးကွာ...
တခါတလေ လူကြီးဆိုတော့လ
စိတ်ပင်ပန်းစရာရှိတာပေါ့....
ကိုကြီးအသက်ကြီးလာရင်တော့
ပျိုရှာကျွေးတာစားရမှာပဲကွာ
ကိုယ်တို့က ၁၃နှစ်တောင်ကွာတာဆိုတော့
ကိုကြီးက အဘိုးကြီး အရင်ဖြစ်မှာ..."

"ကိုကြီးကနုပါတယ်နော်
၃၅နှစ်လို့မထင်ရဘူး ....
ခန့်အစ်ကိုဆိုရင်လေ
အဖေထက် အသက်ကြီးတယ်လို့
ထင်ရတယ်သိလား....."

"ဘာ....ငါကဘာလို့
အဖေထက်အသက်ကြီးရမှာလဲ...

"အယ် ...အစ်ကိုကြီးတို့ရောက်ပြီလား..."

"အေး ...ရောက်လို့
နင်အတင်းပြောတာ
အကုန်ကြားရတာလေ...."

"အမှန်တရားပြောတာကို..."

"ဘာ...."

"ကိုကြီးကလည်း ...
တော်ပါတော့
ဟုတ်နေတာကို ...."

"ဘာ...အငယ်မ...
နင်တော့နော် ...
နင်တို့တွေမုန့်ဖိုးလိုမှ
ကိုကြီး လာမခေါ်နဲ့...
ငါနဲ့တွေ့မယ်...."

"ကြယ်...လိုရင်ငါကိုပြော
ငါပေးမယ် ...
ပေါလို..."ဆိုပြီး
လျာထုတ်ပြောင်ပြနေတယ်.....

"နင်တို့နဲ့မပြောဘူး...
ညီလေး...ဘယ်လိုနေလဲ...."

"သက်သာပါတယ်...
ဆေးရုံကနေ
ဆင်းလို့တောင်ရနေပြီး....."

"နေပါအုန်းကွာ...
စိတ်ချရအောင်..."

"အဖေနဲ့အမေ....
မလာဘူးလား..."

"အဖေက
မင်္ဂလာဆောင်တခုသွားစရာရှိလို့
အပြန်ကျမှဝင်မယ်တဲ့...
ဒီမျောက်၂ကောင်ကို
လိုက်ပို့တာ ...."ဆိုတော့
ပျိုနဲ့ တိုးတိုးပြောနေတဲ့၂ကောင်က
လှည့်ကြည့်ပြီး
မျက်စောင်းထိုးတယ်....

"စောင့်တဲ့သူရှိတုန်း ...
ကလေးတွေကို
မုန့်လိုက်ကျွေးလိုက်အုန်းမယ်လေ ..
ပျိုလည်အပြင်မထွက်ရဘူး...."

ကျိန်စာသင့်ကျသူများ(က်ိန္စာသင့္က်သူမ်ား )completedWhere stories live. Discover now