part 10.2

1.1K 92 6
                                        

((((ရိုတီကြီးကြီးလေးလုပ်ဖို့...နို့ထည့်မယ်..ကြက်ဥထည့်မယ်))))*3

Gem ခြံထဲစ၀င်ထဲက ကလေးတွေအသံကိုကြားနေသည်။

"ဘာတွေဒီလောက်ပျော်နေကြတာလဲမသိ..."

အသံကြားတဲ့ဘက်ကို လျှောက်လာရင်း ခုံပေါ်မှာ တင်ထားတဲ့ ပိုက်ဆံအိတ်ကြောင့် မျက်မှောင်ကျုတ်ရသည်။

"ဒီတယောက်က ဘာဖြစ်လို့ ဒီရောက်နေပြန်တာလဲ"

ကလေးတွေရှိတဲ့နေရာရောက်တော့ ကလေးတွေက အရွက်ဆေးသူဆေး၊ လှီးသူလှီးနဲ့....
အဲ့တာထပ် ကလေးတွေကြားထဲ ငရုတ်ဆုံနဲ့ ကျဉ်ပွေ့ကိုပိုက်ပြီး ကနေတဲ့ ဟိုတယောက်!

((((ရိုတီကြီးကြီးလေးလုပ်ဖို့...နို့ထည့်မည်..ကြက်ဥထည့်မယ်))))*3

(((ရိုတီကြီးကြီးလေးလုပ်ဖို့..)))

"အာ...တော်ပြီးတော်ပြီး၊ တိုးတိုးလေးပဲဆိုတော့၊ အရွက်တွေဆေးတာ ပြီးတော့မလား?"

"ပြီးတော့မယ် အကို fourth "

"အိုခေ...ပြီးရင် အကို့ကိုလာပေးနော်"

"ဒီမှာ ဘာလာလုပ်နေတာလဲ Natawat "

ရောက်လာပြီပေါ့ ကိုရှေ့နေကြီး။

"Aow...မင်းမှငါ့ကို ဆေးရုံမှာ ပေးမနေတာ၊ အဲ့တာကြောင့် ငါ ဒီက ကလေးတွေကိုလာဂရုစိုက်နေတာလေ"

သူ့ကိုမျက်စောင်းလှမ်းထိုးကာ ငရုတ်ဆုံထဲက ဘာတွေကိုပြန်ထောင်းနေပြန်တာလဲမသိဘူး။

ကလေးတွေရှိနေတာမို့ ပုံမှန်လို ဆွဲခေါ်သွားလို့လဲမရ၊ အော်ပြောလို့လဲမဖြစ်တာမို့၊ gem အသံကိုနိမ့်ကာ ခေါ်လိုက်သည်။

"ထစမ်း... Natawat"

"မထဘူး...ငါကလေးတွေတွက် ချက်ပြုတ်ပေးဖို့လုပ်နေတာ မင်းမမြင်ဘူးလား"

ဒီတယောက်က အေးအေးဆေးဆေးပြောလို့ရတဲ့ အမျိုးအစားမဟုတ်ဘူး။

"အကို fourth ကျနော် အရွက်တွေဆေးပြီးပါပြီးဗျ"

"သမီးလဲ အခွံတွေခွါပြီးပါပြီးရှင့်"

((သားတို့လဲ ပြီးပြီးဗျ))

Natawat ရဲ့လက်တွေကို သူလှမ်းဆွဲကာနီး ထွက်လာတဲ့ကလေးတွေရဲ့အသံ။

Invests With Heart (Completed)Where stories live. Discover now