အခန်း ( ၄ )

204 37 3
                                    

UNI

" ဆိုတော့ မင်း က အခု မေဂျာ queen selection ပါပေါ့ ဟုတ်သလား "

မမ အမေး ကို ပါးစပ် ကနေ မဖြေပဲ ရေခဲမုန့်ဘူးထဲ က ရေခဲမုန့် ကို ခပ်စားရင်း ပြုံးစစ နဲ့ မျက်စိတစ်ဖက်မှိတ်ကာ ဟုတ်မှန်ကြောင်း ​ခေါင်းညိတ်ပြလိုက်တော့ မမ က သူမထံ ကို မျက်စောင်း တစ်ချက် ပစ်ထိုးလိုက်တော့သည်။

သူမ  ကျောင်းစတတ်ပြီး ရက်ပိုင်း နည်းနည်း အကြာမှာပဲ မေဂျာ ရဲ့ Queen selection တစ်ယောက် ဖြစ်လာသည်လေ။ဒီအကြောင်း ကို သူမ တောင် မပြောပြရသေးခင် မမ သိသွားပုံထောက်ရင်တော့ သူမတို့ မေဂျာ က မမ ရဲ့ သူငယ်ချင်း မမိုး က မမ နဲ့ ကန်တင်းမှာတွေ့တုန်း က သတင်းပေးသွားလေပြီ ထင်ရဲ့ ။

ဖြစ်လည်း ဖြစ်သင့်ပါသည်။ဘာကြောင့်လဲဆိုတော့မှော့် ထံမှာ ဇင်ယော်တောင် မျက်ခုံးလို့ ဆိုကြသည့် မျက်ခုံးမျိုး ရှိသည်။အရည်ရွှမ်းနေတဲ့ စပျစ်သီး အညိုလေးတွေလို ရွှန်းလဲ့လဲ့ မျက်ဝန်း လေးတွေ လည်း ရှိသည်။အနီရဲရဲ ပန်းသီးလေးလို နှုတ်ခမ်းရဲလေးတွေဟာ ဖူးဖူးဖောင်းဖောင်း ။ ခပ်မြင့်မြင့် နှာတံရိုးလေးနဲ့ နှာတံရိုး အလယ် တည့်တည့် က မှဲ့အနက် လေး။ ငယ်စဥ် က ပါးဖောင်းလေးလို့ အခေါ်ခံရတဲ့ အထိ ကို ဖောင်းဖောင်းလုံးလုံး ဖြစ်နေတဲ့ ပါးလေးတွေ ကို လည်း ပိုင်ဆိုင်ထားသေးသည်။

သူမ ရယ်လိုက်လျှင် ထင်းခနဲ လင်းခနဲ ဖြစ်စေတတ်သည့် သွားအစွယ်လေး ၂ ချောင်း နဲ့ နှုတ်ခမ်း က မှဲ့နက်လေး ဟာ လည်း သူမ အလှ ကို ပံ့ပိုးနေသေးသည်။ ခါးသေးသေး ရင်သေးသေး တင်သေးသေး နဲ့ အရပ်ရှည်ရှည် လေး ဖြစ်ရုံသာမက လက်ချောင်း ၊ ခြေချောင်းလေးတွေ ဟာ လည်း သွယ်လျလျ လေးတွေပင်။

" ရုပ် က ဘာဖြစ်နေတာလဲ မျက်နှာပိုးလေး ဘာလေး လည်း သတ်ဦး။ Queen Selection လေး ပါတာကို Miss Grand Myanmar ရတာကျရော  "

ပြုံးစစ နဲ့ မျက်ခုံးတစ်ဖက် က အောက်မကျနေသော မှော့် ကို ကြည့်ပြီး သူမ မယ် အလိုမကျ။

" မမ က ဘာတွေ မနာလို ဖြစ်နေတာလဲ။သူများ ဟာ သူများ selection ပါလို့ ပျော်နေတာ ကို "

You've reached the end of published parts.

⏰ Last updated: Sep 17 ⏰

Add this story to your Library to get notified about new parts!

" Sisterhood "Where stories live. Discover now