အခန်း ( ၃ )

202 32 4
                                    

UNI

" သမီး ...... သမီး စိမ်း ကို ဖုန်းဆက်ကြည့်ပါဦး။
ဖေဖေ တို့ နဲ့ လွဲနေဦးမယ် "

" ဟုတ်ကဲ့ ဖေဖေ။ သမီး ဆက်ကြည့်လိုက်မယ်နော် "

သူမ ကျောင်းတက်ရဖို့ တစ်ပတ်သာ လိုတော့တာကြောင့် ဖေဖေ နဲ့ မေမေ က သူမ ကို မန္တလေး ကို လိုက်ပို့ကြသည်။မမ ဆီမှာ သူမ ကို သေချာအပ်မလို့တဲ့လေ။သူမ ကို အခုမှ ကျောင်းစပြီး တက်မယ့် ကလေးလေး လို့ ဖေဖေ တို့ထင်နေပုံရသည်။

သူမ လည်း ဖေဖေ စကားကြောင့် မမ ကို ဖုန်းလှမ်းဆက်လိုက်တော့သည်။

" ဟယ်လို မမ "

" အွန်း.... မှော်တို့ ဘယ်နားရောက်ပြီလဲ "

" ဖေဖေ ဒါ ဘယ်နေရာလဲဟင် "

မမ အမေး ကို သူမ မဖြေတတ်။ဒါမလို့ တတ်ကျွမ်းတဲ့ သူဆီကိုသာ မေးရတော့သည်။

" ဘုရားကြီး တောင်ဘက်မုခ် အရှေ့မှာ သမီး "

" မမ ဘုရားကြီး တောင်ဘက်မုခ် ရှေ့မှာတဲ့ မမ။
ကား က အနီရောင်လေး "

" ဟုတ်ပြီ ဟုတ်ပြီ တို့ သိပြီ။တို့ အဲ့နားမှာတင်ပဲ
အခု လာပြီနော် "

မမ ဖုန်းချသွားသည် နှင့် သူမ မမ ကို စိတ်လှုပ်ရှားစွာစောင့်နေမိသည်။မမ ဟာ မည်သို့ မည်ပုံရောက်လာမည်နည်း။မမ က ဓာတ်ပုံအထဲ က လိုပဲ သေးသေးလေးပဲလား။Video call ပြောရင် တွေ့ရသလို ပဲ ဆံနွယ်လေး တွေက နူးနူးညံ့ညံ့လေး ရော ဟုတ်ရဲ့လား။ဖုန်းပြောတုန်း က ကြားရတဲ့ အသံထက်
အပြင်မှာ ကြားရတဲ့ အသံလေးများ ပိုချိုနေလေမလား။သူမ ရင်ခုန်လွန်းလှပါသည်။

ထူးဆန်းတာ ပြောရပေဦးမည်။သူမ နဲ့ မမ ဟာ ဘယ်လောက်တောင် ခင်ကြ ချစ်ကြ သလဲဆိုရင် Chatting ထိုင်နေလျှင် တစ်ဖက်က မမ စာရိုက်နေကြောင်း သင်္ကေတ ပြနေတာနဲ့ မမ ပို့မယ့် စာကို သူမ က သိပြီးသား။မမ လည်း ထိုနည်းတူစွာ။

မမ အသံ ကို ကြားလိုက်ရတာနဲ့ မမ တစ်ခုခုကြောင့်စိတ်ဆိုးနေတယ် စိတ်မကြည်ဖြစ်နေတယ် ပျော်နေတယ် ဝမ်းနည်းနေတယ် ကြည်နူးနေတယ်
ဒါမှမဟုတ် မမ နေမကောင်းဘူး နေကောင်းတယ် တစ်ယောက်ယောက် နဲ့ ရန်ဖြစ်ထားတယ်။ရန်ဖြစ်ထားတဲ့ သူက ဘယ်သူ။ ဘာကိစ္စ နဲ့ ရန်ဖြစ်လာတယ် ဆိိုတာ က အစ သူမ သိသည်။မမ ကလည်း သူမ သိသလို အသေးစိတ် မသိရင်တောင် အနည်းဆုံးတော့ သူမ အသံကြားတာနဲ့ သူမ စိတ်အခြေအနေ ကို ကောင်းကောင်း သိသည်။

" Sisterhood "Where stories live. Discover now