အခန်း ( ၂ )

243 37 5
                                    

" Uni "

" သမီး လည်း ဆယ်တန်း ကို ထူးထူးချွန်ချွန် နဲ့ အောင်ပြီးသွားပြီဆိုတော့ သမီး ဘာဆက်လုပ်ဖို့ စိတ်ကူးလဲ သမီး "

ဒီနေ့တော့ သူမ ရဲ့ ရှေ့ဆက်ရမယ့် ဘဝ အတွက် မိသားစု တွေ အသေအချာ ကို ဆွေးနွေး နေကြရတော့သည်။

အောင်စာရင်းထွက်ပြီး နောက်နှစ်ရက်မှာပဲ သူမ အမှတ်စာရင်း သွားထုတ်ခဲ့ရသည်။အမှတ်ပေါင်း က ၅၆၆ မှတ်တဲ့လေ။ဖေဖေ က တော့ အပြုံးမရပ်သေးပေမယ့် မေမေ ကတော့ သူ့ဘာသာ မပါလာလို့ လား မသိ အခုထိ သိပ်ကျေနပ်သေးပုံ မပေါ်။တော်သေး
ကျန်တဲ့ ၅ ဘာသာ က ကယ်နေလို့သာပဲ။

" သမီး က တော့ ECO တက်ချင်တယ် ဖေဖေ "

" ကောင်းတာပါပဲ။သမီး က အစကတည်း က Eco ကျောင်းသူဆိုတော့ သမီး စိတ်ဝင်စားရာ ကို သမီးလုပ်တာ ဖေဖေ ကတော့ ကန့်ကွက်စရာ မရှိပါဘူးလေ "

" အမှတ် က ၅၆၆ တောင် ရထားတာလေ Eco တက်မလို့လား UFL လောက် တက်ပါလား သမီးရယ် "

သူမ ထင်ပါရဲ့ မေမေ က တန်းလက်ခံမှာ မဟုတ်ဘူးဆိုတာ။ထင်သည့်အတိုင်းလည်း မေမေ က တန်းပြီး လက်မခံပါဘူး။နည်းနည်းလောက်တော့ ကန့်ကွက်လိုက်ရမှပါ။သူမ ကလည်း လုပ်ချင်မိပြီဆို ဇွတ်တရွတ် သမား ။

" မေမေ ကလည်း သမီး မှ UFL မတက်ချင်တာကို။
သမီး က စီးပွားရေးပဲ လုပ်ချင်တာ လေ "

" ဟုတ်သားပဲ လဲ့ရဲ့ ကလေး တက်ချင်တာ တက်ပါစေကွာ "

ဖေဖေ က ပါ ဝင်ပြီး ကူပြောတော့ မေမေ့ မှာ မပြောသာ နှစ်မဲ တစ်မဲ ဖြစ်နေလေရဲ့။

" ရှင် မသိပါဘူး ကိုမြတ်လင်းရယ် ။ Bio မှာသာ ၅၆၆ မှတ်ဆိုရင် ဆေးမှတ်တောင် မီတယ်ရှင့်။ဒီ အမှတ်ကြီး နဲ့ Eco တက်တော့ ကျွန်မလည်း နှမျောတာပေါ့လို့ "

မေမေ ဟာ အခုထိကို ဇွဲလျော့ဦးမယ့် ပုံ မပေါ်။

" ဒါပေမယ့် သမီး က Bio ကျောင်းသူ မှ မဟုတ်တာကို Eco ကျောင်းသူလေ။သူ စိတ်ဝင်စားတာ တက်ပါစေကွာ "

" ဟုတ်သားပဲ မေမေ ကလည်း သမီး က Eco ပဲ စိတ်ဝင်စားတာကို "

မေမေ လည်း နှစ်မဲ တစ်မဲ နဲ့ မနိုင်တော့တာ သိတာမလို့ သူမ တို့ သားအဖ ကို မျက်စောင်းကြီးထိုးကာ

" Sisterhood "Where stories live. Discover now