-2-

348 53 31
                                    

ဂျီအွန်းက ငယ်ငယ်လေးကတည်းက တစ်ယောက်တည်းနေရတာကို သဘောကျပြီး ဘယ်သူနဲ့မှ အဆက်အဆံမရှိခဲ့ဖူးဘူး ။ ယုတ်စွအဆုံး အိမ်ကလူတွေနဲ့တောင် တစ်ရက်နေလို့မှ စကားဆယ်ခွန်းပြည့်အောင် မပြောဖူးသေးဘူး ... ။

သူက သုတေသနခန်းထဲက  စမ်းသပ်ခံ အရှားပါးဆုံးမျိုးစိတ်ဖြစ်တဲ့ ကြောင်နက်မျိုးစိတ်အမေနဲ့ လူသားဖခင်ဖြစ်သူကနေ မွေးလာတဲ့ Hybrid တစ်ယောက် ၊ သူ့မှာ အမြွှာအစ်မလဲရှိတယ် ။ အမေက သူတို့မောင်နှမကိုမွေးပြီးတာနဲ့ စမ်းသပ်ခန်းထဲမှာပဲ ကွယ်လွန်သွားခဲ့တယ် ... ။

သုတေသနမှူးဖြစ်တဲ့အ‌ဖေက အစိုးရဆီက ထောက်ပံ့ကြေးတွေနဲ့ လည်ပတ်နေတဲ့စက်ရုံနဲ့စမ်းသပ်ခန်းအတွက် အကောင်းဆုံးရလဒ်တစ်ခုကို ရယူပေးဖို့ပဲ ဆန္ဒရှိခဲ့တယ် .... ။

သူက အရည်အသွေးမြင့်မားတဲ့ Hybridတွေကို စမ်းသပ်ရုံသာ စမ်းသပ်ကြည့်ချင်ခဲ့ပြီး သူ့အတွက် အောင်မြင်မှုမှတ်တိုင်တစ်ခုရလာတာကိုပဲ လိုချင်တယ် ။ စမ်းသပ်ခန်းထဲက အမေ့ကိုလဲ သဘောမကျခဲ့တာမို့ ဂျီအွန်းတို့ မွေးလာတဲ့အချိန်မှာ သူတို့မောင်နှမနှစ်ယောက်ကို မိဘမရှိတဲ့ Hybridတွေကို စွန့်ပစ်နိုင်တဲ့ဂေဟာမှာ ပစ်ထားခဲ့တယ် ... ။

ကံကောင်းစွာနဲ့ အဖေ့ရဲ့ညီမဖြစ်တဲ့ အန်တီလေးက သူတို့လင်မယားမှာလဲ သားသမီးမထွန်းကားလို့ သူမရဲ့အစ်ကိုစွန့်ပစ်လိုက်တဲ့ ဂျီအွန်းတို့မောင်နှမကို အပြီးတိုင်မွေးစားခဲ့တယ် ... ။

ဂျီအွန်းမှာ ငယ်ငယ်ကတည်းက အပေါင်းအသင်းမရှိခဲ့ဘူး ။ မမကလွဲရင် သူ့ကို ကစားပေးမဲ့သူမရှိဘူး ၊ မမမှာလဲ သူကလွဲပြီး ကစားဖော်မရှိဘူး ... ။

အဲ့တာကလဲ ကြောင်နက်ဖြစ်တဲ့ ဂျီအွန်းတို့မောင်နှမနဲ့ သူငယ်ချင်းလုပ်ရင် သူတို့ကိုပါကံဆိုးတတ်တယ်လို့ ပတ်ဝန်းကျင်က လူကြီးတွေရဲ့ပြောစကားကြောင့်မို့လို့ ... ။ သူတို့နဲ့ရွယ်တူတွေက အဲ့ဒီလိုစကားကို ယုံကြည်ကြပြီး သူတို့ကို အမြဲလိုလို ကစားပွဲတွေကနေ ဖယ်ကြဉ်ထားတတ်ကြတယ် ... ။

အဲ့တာတွေကြောင့်ပဲ သူ့ဘဝမှာ အပေါင်းအသင်း မရှိခဲ့ဖူးဘူး ။ မမကတော့ မိန်းကလေးပီပီ တဖြည်းဖြည်း အရွယ်ရောက်လာတာနဲ့ သူမရဲ့ကြောင်နက်ပုံစံအစစ်အမှန်ကို ဘယ်သူ့ကိုမှ ထုတ်မပြတော့ဘူး ... ။ ပတ်ဝန်းကျင်က လူတွေနဲ့လဲ ရေလိုက်ငါးလိုက် နေတတ်လာတာမို့ မမရဲ့ဘဝက တဖြည်းဖြည်းနဲ့ အဆင်ပြေလာခဲ့တယ် ။ ဒါပေမဲ့ ဂျီအွန်းကတော့ မဟုတ်ဘူး ... ။

ɪ ᴍᴇ ᴍʏ ᴍᴇᴏᴡ [ᴍɪɴᴀᴍᴢ]Where stories live. Discover now