" ငါမင်းကို သဘောမကျဘူး ! "" ငါမင်းကို သဘောမကျဘူး ! "
" ငါမင်းကို သဘောမကျဘူး ! "
စကားလုံးလေး ရှစ်လုံး ... ။
သည်စကားလုံးလေးများက မထူးဆန်းသော်လည်း ပြောခံလိုက်ရသည့် ချွမ်ရွေ့ကိုတော့ အတော်လေးနေရခက်စေတယ်ဆိုတာကို ဘယ်သူသိမှာလဲလေ ။
သူ့ဘက်က မထင်မှတ်ဘဲ ဖွင့်ပြောလိုက်မိသည့်အခိုက်မှာ တစ်ဖက်လူတုံ့ပြန်လာသည်က ထိုမျှသာတဲ့ ။
သို့ရာတွင် ချွမ်ရွေ့အတွက်တော့ အနှီစကားလုံးလေးများကပင် စိတ်ကို ပြင်းပြင်းထန်ထန်ထိခိုက်သွားစေဖို့ လုံလောက်ခဲ့ကာ အရာအားလုံးကို ခဏမျှမေ့သွားစေခဲ့ပါသည် ... ။
သူက ကိုကို့ကို နမ်းကြည့်ချင်လို့ ဖွင့်ပြောခဲ့တာကိုရော ၊ ကိုကိုနဲ့ တွဲကြည့်ချင်လို့ ဖွင့်ပြောခဲ့တာကိုရော
အားလုံးကို မေ့သွားခဲ့ပြီး ကိုကိုက သူ့ကို သဘောမကျဘူးဆိုတာကိုပဲ စိတ်ထဲမှာ စွဲသွားပါတော့သည် ... ။
အိမ်ပြန်လမ်းမသိတဲ့ ကိုကို့ကိုပြန်ပို့ပေးပြီးတာနဲ့ သူက ကိုကို့ကို မျက်နှာချင်းမဆိုင်တော့ဘဲ အိမ်ကို အမြန်ပြန်လာခဲ့မိပါသည် ... ။
ပြီးနောက် တစ်အိမ်လုံးကို မျက်နှာချင်းမဆိုင်တော့ဘဲ အခန်းတံခါးကိုလော့ချ၍ တစ်ညနေလုံး အခန်းအောင်းနေခဲ့မိပါတော့သည် ။
ငြင်းခံရတယ်ဆိုတာက ဒါမျိုးတဲ့လား .... ။
အိစ် ဝမ်းနည်းစရာ ကောင်းလိုက်တာ !!
ရည်းစားစကားပြောရတာက အဲ့လောက်ခက်ခဲမှန်းသိခဲ့ရင် ချွမ်ရွေ့က အမှန်အတိုင်းပဲ အရင်ပြောလိုက်ပါတယ် ။
" ကိုကို့ကို နမ်းလို့ရမလား " ဆိုတာမျိုး အရင်မေးခဲ့သင့်တာ ၊ ပြီးမှ ဖွင့်ပြောလိုက်သင့်တာ ... ။
ခုတော့ ...
ခုတော့ သူက လူကြီးတွေပြောတဲ့ သဘောကျတာနဲ့ အရင်ဖွင့်ပြောရမယ်ဆိုတဲ့ အဆင့်ဆင့်အတိုင်း လိုက်နာမိလို့ အငြင်းခံလိုက်ရပြီ ။
အခုလို တစ်ခါတည်း အငြင်းခံလိုက်ရတော့ သူက ကိုကို့ကိုအစမ်းနမ်းကြည့်လို့လဲ မရတော့ဘူး ၊ အတည်နမ်းလို့လဲ မရတော့ဘူး ....။