"ဘယ်သူ့ကိုအကူညီတောင်းရမှာလဲ... Gemini တော့လုံး၀မဖြစ်ဘူး"
Strawberry ရေခဲမုန့်ခပ်စားရင် ဘယ်သူ့ကိုအကူညီတောင်းရင်ကောင်းမလဲ စဉ်းစားနေတာ မနေ့ကနေ ဒီနေ့သာကူးလာတယ် မရှိဘူးရယ်.....
"Hello....ဘယ်သူပါလဲဗျ"
"Fourth လားဗျ"
"ဟုတ်ပါတယ် ကျနော် fourth Natawat ပါ အခုပြောနေတာ ဘသူလဲဗျ"
"ကျနော် Yan ပါဗျ၊ ကျနော့်ကို မှတ်မိလားမသိဘူး ၊fourth ကိုစာပို့ထားပါသေးတယ်၊ fourth မတွေ့မိဘူးထင်လို့ ဖုန်းဆက်လိုက်တာပါ၊ အနှောင့်ယှက်ဖြစ်သွားလား"
"အိုးးး Khun ဓူဝံကြယ်!"
"ဗျာ! ဘာပြောလိုက်တာလဲ fourth "
လမ်းပျောက်ရင် ဓူဝံကြယ်ကိုရှာဆိုတဲ့စကားက တကယ်မှန်နေတာပဲပါလား။
သူထွက်ပေါက်မဲ့တိုင်း အကူညီလိုတိုင်း ဒီလူက ရောက်လာခဲ့ပေးတယ်၊ အခုလဲ သူရောက်လာခဲ့ပြန်ပြီး။
"အော်...ကျနော် အကူညီလိုတိုင်း ရောက်ရောက်လာတတ်လို့ khunကို ဓူဝံကြယ်လို့ခေါ်လိုက်တာပါ"
"အော် အဲ့လိုလား ရပါတယ်ဗျာ... fourth က ဓူဝံကြယ်ဖြစ်စေချင်ရင် ကျနော် ဖြစ်ပေးပါမယ်"
"Khun yan တခြားသူတယောက်ရဲ့ လျှို့ဝှက်ချက်ကိုထိန်းသိမ်းဖူးလားဗျ".
"ဟားးး ဟို..မထိန်းသိမ်းဖူးပါဘူးဗျ"
"Khun ထိန်းသိမ်းပေးလို့မရဘူးလားဗျာ"
"ခနလေး fourth...အခု ကျနော်တို့ဘာအ ကြောင်းကိုပြောနေကြတာလဲ ကျနော် နားမလည်တော့လို့"
"အော်...အိုခေဗျ...Khun yan ကျနော့ကို တခုလောက် ကူညီပေးလို့ရမလားဗျ"
"ရတာပေါ့ဗျာ...ဓူဝံကြယ်က လမ်းပြပေးဖို့အမြဲ အသင့်ပါပဲ"
"ဟီ..ဟားဟားး"*2
--------------------------------------------------------------
"P'yan သူငယ်ချင်းက ရှေ့နေလိုချင်လို့လား?"
"ဟုတ်တယ် yin၊ သူက မြေယာအငြင်းပွားမှုဖြစ်နေတာ၊ တော်တဲ့ ရှေ့နေ တယောက်၊ နှစ်ယောက်လောက် yinပြပေးလို့ရလား"
"အင်းးးး တော်တဲ့ရှေ့နေဆိုရင်တော့ yinတယောက်ကိုတော့သိတယ်၊yinမေးထားပေးလိုက်မယ်နော် phi "

YOU ARE READING
Invests With Heart (Completed)
Fanficကျနော်တို့ နောက်ဘယ်တော့မှ ထပ်မတွေ့ကြရအောင်ပါ Khun Gemini Fourth Nat ...ကိုယ်တို့တယောက်ကိုတယောက် သိသိရက်နဲ့ရော မသိပဲနဲ့ပါ ထိခိုက်နာကျင်စေခဲ့တာ တွေ၊ ဆုံးရှုံးနစ်နာစေခဲ့တာတွေအရမ်းများခဲ့မှန်းကိုယ်သိပါတယ်၊ ဒါပေမယ့်..... ...